OPPO F Series ၏ နောက်ဆုံးပေါ် ဖုန်းအသစ် OPPO F15 ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

ကမ္ဘာထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှအပါးလွှာဆုံးကိုယ်ထည်နှင့် 8GB+128GB ပါဝင်ပြီး 48MP Quad-Camera၊ Hidden Fingerprint 3.0 နဲ့VOOC 3.0အမြန်အားသွင်းစနစ်ပါဝင်သည့် OPPO F15 ကိုမြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသတင်းထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရသည်။
OPPO F15 ကိုဆန်းသစ်သည့် Jade Textutreနှင့်လူငယ်ဆန်ဆန်လှပသောသုံးရောင်စပ်ရောင်ပြန်ဒီဇိုင်းပုံစံ Unicorn Whiteနှင့် တည်ငြိမ်လေးနက်ပြီးခံ့ညားလှပကာလေဆာရောင်ပြန်ဟပ်ဒီဇိုင်းပုံစံ LighteningBlack ဟူ၍အရောင်နှစ်ရောင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ 399,900 ဖြင့် မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိဆိုင်များနှင့်ပို့ဆောင်ခအခမဲ့ဖြင့် shop.com.mm တို့တွင်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ဝယ်ယူအားပေး သူများအတွက် ဘေးတစောင်းလွယ်အိတ်များကိုလည်း OPPO မှလက်ဆောင်အနေဖြင့် ပေးသွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

မြန်မာနိုင်ငံဖုန်းသုံးစွဲသူများ၏တစ်ခဲနက်အားပေးမှုကိုရရှိနေသော OPPO F Series ကို ၂၀၁၆ခုနှစ်တွင် Selfie ဘုရင်ဟုခေါ်ဆိုကြသော OPPO F1 series ဖုန်းဖြင့်မြန်မာနိုင်ငံဖုန်းဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ပြီး ရောင်းအားအထူးကောင်းမွန်ခဲ့ကာဖုန်းသုံးစွဲသူများအကြား OPPO ၏အမည်ကိုပိုမိုကျော်ကြားစေခဲ့သည်။ ထို့နောက် Group Selfie ရိုက်ကူးနိုင်သော Dual Selfie Camera ပါဝင်သည့် F3 series၊ Full Screen Display စတင်အသုံးပြုခဲ့သော F5 series, Notch ထည့်သွင်းထားပြီး 6 inches Super Full Screen ပါရှိသည့် F7 series၊ မြန်မာနိုင်ငံတွင် ပထမဆုံးနှစ်‌ရောင်စပ် Gradient Colourနှင့်ထွက်ရှိလာသော F9 series၊ 3 Colour Gradient ဒီဇိုင်းနှင့် F11 series စသည်ဖြင့်အသီးသီးမိတ်ဆက်ခဲ့ရာ F series အပေါ် ဖုန်းသုံးစွဲသူများ၏ သဘောကျနှစ်ခြိုက်မှုမှာ ပိုမိုမြင့်မားလာခဲ့သည်။ ယခုအခါအားလုံးစောင့်မျှော်နေကြသော OPPO F Series ၏နောက်ဆုံးထွက်ရှိလာသောဖုန်းအသစ်OPPO F15သည်လည်းကောင်းမွန်သောဖုန်းလုပ်ဆောင်မှုများကိုသယ်ဆောင်လာပေးသည့်F series ၏အစဉ်အလာအတိုင်း Lighting Fast, Endless Fun ဟူသောဆောင်ပုဒ်အတိုင်းလျင်မြန်ပေါ့ပါးသော စွမ်းဆောင်ရည်များနှင့်အတူ ပျော်စရာများကို အဆုံးမရှိယူဆောင်ပေးနိုင်မည်ဖြစ်သည်။
OPPO F series ၏ကင်မရာစွမ်းဆောင်ချက်များမှာအစဉ်အမြဲသုံးစွဲသူများ၏သဘောကျနှစ်ခြိုက်မှုကိုရရှိခဲ့ရာ OPPO F15 တွင်လည်း နောက်ဘက်တွင်ကင်မရာလေးလုံးပါရှိပြီး Main ကင်မရာအဖြစ် Crystal လိုကြည်လင်ပြတ်သားသော ပုံရိပ်များရိပ်ကူးနိုင်သည့် 48MP (F1.7) AI Quad Camera အပြင် 8MP (F2.2) Ultra Wide-Angle Macro Lens, 2MP (F2.4) Mono Lens နှင့် 2MP (F2.4) Portrait Lens တို့ဖြင့်အားဖြည့်ထားသည်။ ရှေ့ဘက်ကင်မရာအဖြစ် 16MP (F2.0) AI Beauty 2.1 ကင်မရာကိုအသုံးပြုထားသည်။ ရှေ့နောက်ကင်မရာများတွင် သဘာဝကျကျလှပသော ပုံရိပ်များ ရရှိစေသော AI Beautifica-tionAlgorithm ပါဝင်ပြီး Night Portrait, Ultra Night Mode 2.0, Anti-Shake Video, Portrait Bokeh Effect နှင့် Portrait HDR အစရှိသည့်ထူးခြားကောင်းမွန်သောကင်မရာ လုပ်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO F15 တွင် Memory 8GB+128GB ပါဝင်ပြီးပိုမိုမြန်ဆန်သောလုပ်ဆောင်မှုများရရှိနိုင်သောHelio P70 (Up to 2.1 GHz) ကိုထည့်သွင်းထားသည်။ AnTuTu Benchmark တွင်စစ်ဆေးမှုအရHelio P70 သည်Snapdragon 675 ထက်သာလွန်သော Gaming Performance ရှိပြီးကင်မရာလုပ်ဆောင်မှုများတွင်လည်းပိုမိုကောင်းမွန်စေကြောင်း အသိအမှတ်ပြုမှုရရှိထားသည်။ Battery 4000 mAhဖြစ်ပြီး Type Cအမျိုးအစားဖြစ်ကာ ၇၂ မိနစ်အတွင်း ဖုန်းအား အပြည့်ပြန်လည်အားသွင်းနိုင်သည်။ ပုံမှန်အားသွင်းစနစ်များထက်၄ဆမြန်ဆန်သည့်အပြင်အဆင့် (၅) ဆင့်ဖြင့်ကာ ကွယ်ပေးထား သောဗို့အားနည်းအမြန်အားသွင်းစနစ် VOOC Flash Charge 3.0 ကိုအသုံးပြုထားပြီး Gaming Perfomance ကိုတိုးမြှင့်ပေးမည့်GameBoost 2.0, In-Game Noise Cancelling Effects, Gaming Voice Changer နှင့် Hyper Boost 2.0 Plus တို့လည်းပါဝင်သည်။
OPPO F15သည် Screen Ratio 20:9 ရှိပြီးအလေးချိန် 172 g နှင့် 7.2 mm အထူသာရှိသည့် ပါးလွှာပေါ့ပါးသောကိုယ်ထည်နှင့် လက်ထဲတွင်အံဝင်ဂွင်ကျဖြစ်နေသော ခံစားချက်ကိုပေးစွမ်းမည်ဖြစ်သည်။ FHD+2400 ×1080 အထိ ကြည့်နိုင်သော 90.7% Screen Ratio ရှိသည့် Super AMOLED Screen နှင့်အတူ DC Dimming 2.0 ပါရှိသောကြောင့်ဖုန်းအလင်းရောင်ကြောင့်မျက်လုံးထိခိုက်မှုကိုလည်းလျော့နည်းစေသည်။ ဖုန်း Screen ကို Gorilla Glass 5 ဖြင့်ပြုလုပ်ထားပြီး ၁ ဒဿမ ၆ မီတာအမြင့်မှ ပြုတ်ကျသောစမ်းသပ်ချက်တွင် ၈၀ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။ ထို့ပြင်ပုံ မှန်မြင်နေကျ Rear Fingerprint များနှင့်မတူဘဲ ပိုမိုလုံခြုံစိတ်ချရသော Hidden Fingerprint 3.0 ကိုထည့်သွင်းထားပြီး 0.32 Second အတွင်း Fingerprint ဖြင့်ဖုန်းကိုဖွင့်နိုင်သည့် Light-filling နည်းပညာကိုအသုံးပြုထားသော Fast Unlock စနစ်လည်းပါဝင်သည်။ ဤကဲ့သို့ OPPO F Series ၏အစဉ်အလာအတိုင်းဖုန်းသုံးစွဲသူ တို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်ကောင်းမွန်သောလုပ်ဆောင်မှုစုံစုံလင်လင်နှင့်ပျော်ရွှင်ဖွယ်အချိန်များကိုရရှိစေမည့် OPPO F15 ကိုထူးခြား ကောင်းမွန်သော Mid-Range Smartphone ကောင်းကောင်းကိုသင့်တင့်သော ဈေးနှုန်းနှင့်ဝယ်ယူလိုသူများအတွက် အထူးသင့်လျော်သောဖုန်းအဖြစ် မိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည်ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင်Brand တစ်ခုဖြစ်သည်။ပထမဦးဆုံး smartphone Smiley Face ကို၂ဝဝ၈ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ OPPO သည်စိတ်ကျေနပ်ဖွယ်ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန်အစဉ်မပြတ်ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှဦးဆောင်၍အမျိုးအစားစုံလင်သည့် smart devices များ၊ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည်နိုင်ငံပေါင်း ၄ဝ ကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု၊ R&D Centers ၄ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည်သုံးစွဲသူ တို့ဘဝအဆင့်မြင့် တိုးတက်‌ရေး အတွက်ကြိုးပမ်းလျက်ရှိပါသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
OPPO Myanmar Facebook_ https://www.facebook.com/oppomyanmar/
OPPO F15 – https://bit.ly/3eA60uX