Huwaei စမတ်ဖုန်းအသုံးပြုသူများအတွက် Huawei ၏ ထုတ်ပြန်ကြေငြာချက်

Alphabet Inc ၏Google မှ Open Source Licensing မှတစ်ဆင့် မည်သူမဆိုရရှိနိုင်သည်များမှလွဲ၍ Hardware များ Software များ နှင့် တစ်ခြား နည်းပညာဆိုင်ရာဝန်ဆောင်မှုများ အတွက် Huawei နှင့် စီးပွားတွဲဖက်လုပ်ကိုင်ခြင်းများကိုရပ်စဲလိုက်ပြီဖြစ်ကြောင်း သိရှိရပြီးနောက်အဆိုပါအကြောင်းအရာနှင့် ပက်သက်ပြီး ယခုလက်ရှိ Huawei စမတ်ဖုန်းများကို ကိုင်ဆောင်သူများအတွက်ကတော့ ဆက်လက်၍ Google မှထုတ်လုပ်ထားသော အက်ပလီကေးရှင်းများ၊ Update များကိုလုပ်ဆောင်နိုင်ဦးမည်ဖြစ်ကြောင်း “ကျွန်တော် အမိန့်အတိုင်းလိုက်နာဆောင်ရွက်နေပြီး သက်ရောက်မှုများအတွက် သုံးသပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှများဖြစ်တဲ့ Google Play နှင့် Google Play Protect ကနေ Security Protectors များကို Huwaei ဖုန်းတွေမှာ လက်ရှိအသုံးပြုနေသူများအတွက်ကတော့ ဆက်လက်ပြီးရရှိသွားဦးမှာဖြစ်ပါတယ်”ဟု Google မှ ပြောရေးဆိုခွင့်ရှိသူက ထပ်မံအကြောင်းပြချက်အသေးစိတ်ကို မတင်ပြဘဲ ပြောကြားသွားခဲံ့သည်။

အဆိုပါရပ်စဲခြင်းသည် တရုတ်နိင်ငံပြင်ပမှာရှိသည့် Huwaei ၏စမတ်ဖုန်း စီးပွားရေးလုပ်ငန်းများကို များစွာသက်ရောက်မှုရှိသွားမည်ဖြစ်ပြီး Huwaei အနေဖြင့် Google ရဲ့ Android Operating System များ၏ အသစ်ထွက်ရှိမည့် မွမ်းမံပြင်ဆင်မှုများကို ချိတ်ဆက်နိုင်ခွင့် ပျောက်ဆုံးသွားမည်ဖြစ်သည်။ Huwaei မှ အသစ်ထွက်ရှိမည့်ဖုန်းများတွင် နာမည်ကြီး Services ဖြစ်သော Google Play Store, Gmail နှင့်Youtube များကိုပါ ချိတ်ဆက်အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ Huwaei အနေနဲ့ Android ရဲ့ အများပြည်သူသုံး ဗားရှင်းကိုသာအသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ခြားGoogle မှ စီးပွားဖြစ် App များနှင့် ဝန်ဆောင်မှုများကို ရယူခွင့် ရှိတော့မည်မဟုတ်ကြောင်းလဲ သိရှိရသည်။ Google၏နာမည်ကြီး Applications များဖြစ်သော Gmail, Youtube နှင့် Chrome browser များသည် Open Source License မဟုတ်ဘဲ Google ၏စီးပွားဖြစ်လုပ်ငန်းများဖြစ်သောကြောင့် Huawei ၏အသစ်ထွက်ရှိမည့် စမတ်ဖုန်းများတွင် အဆိုပါ application များကိုတွေ့ုမြင်ရတေ့မည်မဟုတ်ပေ။

Trump Administration သည် Huawei Technologies Co Ltd ကို ကုန်သွယ်မှု Blacklist အတွင်းထည့်သွင်းခဲ့ပြိး အဆိုပါကန့်သတ်မှုများကြောင့် Huwaei ကုမ္ပဏီသည် U.S အခြေစိုက်ကုမ္ပဏိများ နှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းများပြုလုပ်ရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။ အမေရိကန်အစိုးရ၏ Blacklist ထည့်သွင်းမှုသည် Huawei ကုမ္ပဏီအပေါ်မည်မျှသက်ရောက်မှုရှိမည်ဖြစ်ကြောင်း မသိရှိသေးသော်လည်း Chip ကျွမ်းကျင်ပညာရှင်များမှ အမေရိကန်ပြည်ထောင်စု၏ အကူအညီမပါရှိဘဲ Huawei အနေ့ဖြင့် မည်သို့ စမတ်ဖုန်းထုတ်လုပ်မည်ကို စိတ်ဝင်စားမှုများပြုလာခဲ့သည်။

သတင်းများအရ Google မှမည်သို့သောဝန်ဆောင်မှုများကို အသုံးပြုခွင့်ရပ်စဲသွားမည်ဖြစ်ကြောင်း ဆွေးနွေးလျက်ရှိကြောင်းသိရှိရပြီး Huawei မှတရားရေး အရာရှိများကလည်း အဆိုပါ Blacklist ၏ အကျိုးသက်ရောက်မှုမျာကို လေ့လာဆောင်ရွက်ေနကြောင်းလဲသိရှိရသည်။

Huwaei သည်လည်းလွန်ခဲ့သည်နှစ်အနည်းငယ်ထဲက Android အသုံးပြုခြင်းမှ ရပ်စဲခံရမည့်အရေးကြောင့် ကိုယ်ပိုင်နည်းပညာကို အသုံးပြုနိုင်ရန် တီထွင်ဖန်တီးလျက်ရှိကြောင်းသိရှိရသည်။ အဆိုပါကိုယ်ပိုင်နည်းပညာမှ အချို့ကိူ တရုတ်နိုင်ငံတွင် ရောင်းချမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီမှပြောကြားသွားခဲ့သည်။

မတ်လတွင်ကျင်းပခဲ့သော အင်တာဗျူးတွင် Huawei ၏ Chairman ဖြစ်သူ Eric Xuမှလည်းမည်သည့်အကြောင်းအရာအတွက်ကြောင့်မဆို Android Community မျာမှ open source license များကိုတရားဝင်ပိတ်ပင်ပိုင်ခွင့်မရှိကြောင်းပြောကြားသွားခဲ့သည်။
Huwaei ဖုန်းများသည် ကမ္ဘာတစ်ဝှမ်းတွင်သာမက မြန်မာနိင်ငံမှာပါ နာမည်ကြီးထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုတွင် ထိပ်တန်းမှရပ်တည်လျက်ရှိသည်။ အဆိုပါကိစ္စရပ်များနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရှိ သုံးစွဲသူများကို အသိပေးကြငြာရန် မေလ၂၀ရက်ေ့က Facebookစာမျက်နှာ၌ ဤသို့ထုတ်ပြန်ခဲ့သည်။

Photos Source- Huawei Myanmar(https://www.facebook.com/HuaweimobileMM/)

“Huawei မှ တစ်ကမ္ဘာလုံးတွင် Android တိုးတက်လာရေးနှင့် ကြီးထွားတိုးတက်လာမှုတို့အတွက် ဆောင်ရွက်ခဲ့ပါသည်။ Android ၏ အရေးပါသည့် ပါတနာတစ်ဦးဖြစ်သည့်အလျောက် ၎င်းတို့၏ open-source platform နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အသုံးပြုသူများအတွက်သာမက နယ်ပယ်တစ်ခုလုံး အကျိုးရှိစေမည့် Android စနစ်တစ်ခု တည်ဆောက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် Huawei အနေဖြင့် ရောင်းချခဲ့ပြီးသော Huawei ထုတ်ကုန်များ၊ ဈေးကွက်ထဲ Stock ရှိနေသော Huawei ထုတ်ကုန်များအားလုံးသည် Security Update အပါအဝင် အခြား Update နှင့် Service များအားလုံးကို ယခင်အတိုင်း ဆက်လက်ရရှိသွားမည်ဖြစ်သလို အသုံးပြုသူများအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများပေးစွမ်းနိုင်ရန် လုံခြုံစိတ်ချပြီး ခိုင်မာသည့် စနစ်ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။”