Mytel မှ အိမ်အတွင်းနေထိုင်သူများအတွက် နှစ်ဆတိုးအပိုလက်ဆောင်အစီအစဉ်သစ်မိတ်ဆက်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ကူးစက်လျက်ရှိသော COVID-19 ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ငွေဖြည့်သွင်းမှုတိုင်းအတွက် ၅၀ရာခိုင်နှုန်း အပိုလက်ဆောင်ပေးအပ်နေသည့် အစီအစဉ်အပြင် ယခုတစ်ခါတွင်လည်း အသုံးပြုသူများအနေဖြင့် ဒေတာအစီအစဉ် ဝယ်ယူမှုတိုင်းအတွက် ၂၀၀ ရာခိုင်နှုန်းအပိုဒေတာလက်ဆောင် ကိုပါ ရရှိနိုင်မည့် နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိပါသည်။ ယခုကဲ့သို့ ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီးနေသောကာလအတွင်း၌ အိမ်မှတစ်ဆင့် အဆင်ပြေစွာအလုပ်လုပ်နိုင်ရန်၊ နောက်ဆုံးပေါ် သတင်းများကိုသိနိုင်ရန်၊ မိမိချစ်ခင်ရသော မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးနှင့်အင်တာနက်ထောက်ပံ့မှုများကို Mytelမှ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

“အခုလိုအချိန်မှာ လူမှုကွန်ယက်တွေ နဲ့ အွန်လိုင်းပလက်ဖောင်းတွေက လူတွေအားလုံးအတွက် စိတ်အပန်းဖြေရာဖြစ်သလို နောက်ဆုံးရသတင်းတွေကို သိနိုင်ဖို့အတွက်လည်း အလွယ်ကူဆုံးနေရာဖြစ်လာတဲ့အတွက် ဒီလိုအချိန်မျိုးမှာ တယ်လီကွန်း အော်ပရေတာတွေအနေနဲ့ အကောင်းဆုံး နဲ့ အဆင်ပြေဆုံး အစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် စီစဉ်ပေးဖို့ အရေးကြီးတဲ့အချိန်ကောင်း ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အင်တာနက်ဒေတာကို ပိုပြီးသုံးဖြစ်နေတဲ့ ခုလိုအချိန်မျိုးမှာ Mytelအနေနဲ့ အစိုးရရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အကောင်းဆုံးကြိုးစားလျက်ရှိပြီး သုံးစွဲသူတွေ ဒေတာ ပေါပေါများများ သုံးနိုင်မယ့် အစီအစဉ်ကောင်းတွေကို ယူဆောင်လာပေးခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သုံးစွဲသူတွေအနေနဲ့ ငွေဖြည့်သွင်းတိုင်းမှာလည်း ၅၀ ရာခိုင်နှုန်း အပိုငွေဖြည့်ဆုကြေးကိုရရှိမှာဖြစ်ပြီး ဒေတာအစီအစဉ်ဝယ်ယူမှုတိုင်းအတွက်ကိုလည်း ၂၀၀% အပိုလက်ဆောင် ရရှိနိုင်ဦးမှာဆိုတော့ ဒီအစီအစဉ်လေးက အတော်အကျိုးရှိစေနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် Mytelအသုံးပြုသူအားလုံး ငွေချွေတာနိုင်ရုံသာမကပဲ အိမ်မှာနေရင်းနဲ့ Mytelရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုအဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားလုံးလည်း အန္တရာယ်ကင်းစွာနဲ့ ဘေးကင်းလုံခြုံရေး၊ကျန်းမာရေးအတွက် လိုအပ်တဲ့ အစီအမံတွေကိုလည်း အလေးအနက်ထားပြီး ဆောင်ရွက်နေပါမယ်လို့ ကျွန်တော်ထင်ပါတယ်။ အားလုံးပဲ အားတင်းပြီး ဒီအခက်အခဲကို အတူတကွ ရင်ဆိုင်ဖြေရှင်းလိုက်ကြရအောင်လို့ တိုက်တွန်းချင်ပါတယ်” ဟု Mytel၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။
ဤပရိုမိုရှင်းအစီအစဉ်ကို ၂၀၂၀၊ ဧပြီလ ၇ ရက်နေ့ မှစတင်၍ ၂၀၂၀၊ ဇွန်လ ၃၀ ရက်နေ့ အထိ လုပ်ဆောင် သွားမည်ဖြစ်ပါသည်။ သုံးစွဲသူများသည် Data Pack ကိုဝယ်ယူပြီးပါက၎င်းတို့ဝယ်ယူလိုက်သော ပတ်ကေ့ချ်ပမာဏ၏အပိုဆုကြေး ၂၀၀% အား အလိုအလျောက်ရရှိမည်ဖြစ်သည်။ ထိုအပိုဆုကြေးပမာဏသည် ည ၁၁ နာရီမှ နံနက် ၆ နာရီအထိအသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

ယခုရင်ဆိုင်နေရသောအခက်အခဲများအားလုံးကို ကျော်လွှားနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာရောဂါပျံ့နှံ့မှုကို အတူတကွတိုက် ဖျက်နိုင်ရန်အတွက် Mytelအနေဖြင့် မိမိတို့၏ သုံးစွဲသူများနှင့် အစိုးရအား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသရွေ့ ကူညီပံ့ပိုးသွား မည်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytelသည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytelသည် ဆန်းသစ်သောတီထွင်မှုများနှင့်ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့ အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Mytelကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်သို့ နောက်ဆုံး ဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခုနှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသည့် ဗီယက်နမ်ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ Viettel နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။