MPT ရွှေအိပ်မက် အစီအစဉ်မှ ကံထူးရှင်များထွက်ပေါ်လာ
MPT ၏ ရွှေအိပ်မက် အစီအစဉ်မှ ကံထူးရှင်များထွက်ပေါ်လာလာပြီဖြစ်သည်။ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင်နှစ်ဦးအား ကံထူးလက်ဆောင်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နှင့် ၁၁ ရက် တို့တွင် မန္တလေးတိုင်းဒေသကြီး၌ အသီးသီးအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီဖြစ်သည်။
အဆိုပါအစီအစဉ်မှတစ်ဆင့် ၅ ဦးမြောက် ကံထူးရှင်ဖြစ်သူ ဦးစိုင်းအောင်လှိုင်မင်း (ကံထူးနံပါတ် ၀၇၉၆) သည် မိသားစုကဏ္ဍအတွက် ကံထူးလက်ဆောင်အဖြစ် မိသားစုအိမ် ဆုကို လက်ခံရရှိခဲ့ပြီး ၆ ဦးမြောက် ကံထူးရှင်ဖြစ်သူ ဦးကျော်ရဲအောင် (ကံထူးနံပါတ် ၅၈၄၇) သည် လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) ကဏ္ဍ အတွက် ကံထူးလက်ဆောင်အဖြစ် Life Blogger ဆုကို အသီးသီးလက်ခံရရှိခဲ့ပြီးဖြစ်သည်။
 Photo Source https://www.mpt.com.mm/en/dream-come-true/
Photo Source https://www.mpt.com.mm/en/dream-come-true/
MPT သည် စုစုပေါင်းကံထူးရှင် ၆ ဦးအား ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော ကံထူးရှင်တစ်ဦးကိုလည်း ၎င်း၏အိပ်မက်အား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ “ရွှေအိပ်မက်” အစီအစဉ်မှ ကံထူးရှင် ၇ ဦး၏ အသေးစိတ်အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။
MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့ အစီအစဉ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
 Photo Source https://www.mpt.com.mm/en/dream-come-true/
Photo Source https://www.mpt.com.mm/en/dream-come-true/
အဆိုပါအစီအစဉ်ကို ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အိပ်မက်အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ ခြင်း နှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားများအတွက် ကံထူးရှင် ၇ ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။
MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။





 
             
            