Tik Tok၏ မြန်မာနိုင်ငံအတွက် ပထမဆုံးတရားဝင် ကုမ္ပဏီဖြစ်လာတဲ့ တယ်လီနော

အသုံးပြုသူများအကြား ဒစ်ဂျစ်တယ်ဗီဒီယိုကြည့်ရှုမှုနှုန်း ပိုမိုမြင့်တက် လာသည်ကို သိရှိထားသည်နှင့်အညီ တယ်လီနောမြန်မာအနေဖြင့် မိုဘိုင်းဗီဒီယိုအတိုအထွာများ ဖန်တီးရိုက်ကူးနိုင် သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သော TikTok နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် TikTok ၏ ပထမဦးဆုံး တရားဝင် မိတ်ဖက်ကုမ္ပဏီဖြစ်လာခဲ့သည့်အပြင် နိုင်ငံတဝှမ်းလုံးရှိ တယ်လီနောအသုံးပြုသူများ အနေဖြင့် ဆန်းသစ်၍ ဈေးနှုန်းသက်သာသော ‘စိတ်ကြိုက်ကြည့်’ ဒေတာအစီအစဉ်ကို ရယူလိုက်ရုံမျှဖြင့် TikTok အက်ပလီကေးရှင်းအား ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ်မျှ နှုန်းထားဖြင့် အဆင်ပြေလွယ်ကူစွာ အသုံးပြုသွားနိုင်မည် ဖြစ်သည်။

Photos Source- (https://www.tiktok.com/en/)

TikTok သည် မိုဘိုင်းဗီဒီယို အတိုအထွာများ ဖန်တီးရိုက်ကူးမှုနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခု ဖြစ်ပြီး အသုံးပြုသူများသည် TikTok အားအသုံးပြု၍ ၎င်းတို့၏ ဖန်တီးနိုင်စွမ်းများ၊ အသိပညာများနှင့် နေ့စဉ်ဘဝတွင် အရေးပါသည့်ဖြစ်ရပ်များအား ရိုက်ကူးပုံဖော်၍ အခြားသူများနှင့် မျှဝေနိုင်သည်။ ၂၀၁၉ ခုနှစ် အစောပိုင်းအထိ TikTok အား ဈေးကွက်ပေါင်း ၁၅၀ ကျော်တွင် ဘာသာစကားပေါင်း ၇၅ မျိုးဖြင့် ရယူအသုံးပြု နေကြပြီဖြစ်သည်။ TikTok ကို iOS နှင့် Android ၂ မျိုးစလုံးတွင် အသုံးပြုနိုင်ပြီး ၂၀၁၈ ခုနှစ်အတွင်း ဒေါင်းလုတ်ရယူမှုအများဆုံး အက်ပလီ ကေးရှင်းများ အနက်တစ်ခုလည်း ဖြစ်သည်။

“တယ်လီနောက မြန်မာနိုင်ငံမှာ TikTok ရဲ့ ပထမဦးဆုံး တရားဝင်မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်လာတဲ့အတွက် အလွန် စိတ်လှုပ်ရှားမိပါတယ်။ စိတ်ကြိုက်ကြည့်အစီအစဉ်ဟာ ကျွန်မတို့ တယ်လီနောနဲ့ ထိပ်တန်းဗီဒီယို အက်ပလီကေးရှင်း တွေဖြစ်ကြတဲ့ Viu၊ MyanFlix၊ WowPlay၊ PyonePlay နဲ့ YouTube တို့အကြား သဘောတူညီမှု ကနေ ပေါ်ထွက်လာ တဲ့ ပထမဦးဆုံး ရလဒ်တစ်ခုဖြစ်ပြီး ဒီလိုဆန်းသစ်တဲ့အစီအစဉ်မှာ TikTok ပါ ပါဝင်လာတဲ့ အတွက်လည်း အရမ်းကို ဝမ်းမြောက်မိပါတယ်။ ‘စိတ်ကြိုက်ကြည့်’ ဟာ အသုံးပြုသူတွေ သူတို့ရဲ့ အကြိုက်နှစ်သက်ဆုံး ဖျော်ဖြေရေးဗီဒီယိုတွေ ကို အလွယ်တကူ ရယူကြည့်ရှုသွားနိုင်စေဖို့ ကူညီပေးနိုင်မယ့် မြန်မာနိုင်ငံမှာ တစ်ခုတည်းသော ဒေတာအစီအစဉ် တစ်ခုဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း တယ်လီနော မြန်မာဟာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝတွေ ပိုမိုလွယ်ကူ ချောမွေ့လာဖို့အတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးအပ်နေခဲ့ပြီး အခု ဒီသဘောတူညီမှုကနေလည်း ပိုမို ဆန်းသစ်တဲ့ ဝန်ဆောင်မှုများစွာကို ဖန်တီးပေးအပ်သွားမယ်လို့ ကတိပြု ပြောကြားလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပိုင်း ဆိုင်ရာ အကြီးအကဲ Chan May Ling က ပြောကြားသည်။

ယင်းသို့ မိတ်ဖက်အဖြစ် လက်တွဲလိုက်သည့်အတွက် TikTok သည် တယ်လီနောက မကြာမီက မိတ်ဆက်ထားသော စိတ်ကြိုက်ကြည့်အစီအစဉ်တွင် ပါဝင်လာမည်ဖြစ်သည့်အတွက် တယ်လီနောအသုံးပြုသူများသည် TikTok ကို ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ် နှုန်းထားဖြင့် ရယူအသုံးပြုသွားနိုင်မည်ဖြစ်သည်။ စိတ်ကြိုက်ကြည့်အစီအစဉ်သည် မြန်မာနိုင်ငံ ၏ အကောင်းမွန်ဆုံးနှင့် လူကြိုက်အများဆုံးသော ဗီဒီယိုအက်ပလီကေးရှင်းများ ဖြစ်သည့် Viu, Myanflix, WowPlay, PyonePlay, YouTube နှင့် TikTok တို့အား အသက်သာဆုံး ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ် နှုန်းထားဖြင့် ရယူအသုံးပြု နိုင်စေရန် ဖန်တီးထားသည့် အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါအစီအစဉ်အား စာရင်းပေးသွင်း ရယူထားခြင်းဖြင့် အသုံးပြုသူများသည် ဖော်ပြပါအက်ပလီကေးရှင်းများအားလုံး၏ ပြည်တွင်းနှင့် နိုင်ငံတကာမှ ပရီမီယံအဆင့် ရုပ်ရှင် ဇာတ်ကားများ၊ တီဗီအစီအစဉ်များ၊ MTV များ အပြင် ဂိမ်း၊ ဖျော်ဖြေရေး၊ နည်းပညာနှင့် သတင်းကဏ္ဍ အသီးသီးရှိ လက်ရှိ ရေပန်းစားနေသည့် အကြောင်းအရာများအားလုံးကို အသက်သာဆုံး နှုန်းထားများနှင့် အလွယ်တကူ ကြည့်ရှု ခံစားနိုင်မည် ဖြစ်သည်။

“TikTok ဆိုတာ ဗီဒီယိုဖန်တီးသူ မျိုးဆက်သစ်တွေအတွက် သူတို့ရဲ့ဖန်တီးမှုတွေကို လွတ်လွတ်လပ်လပ် မျှဝေတာ တွေ၊ အသစ်ဖန်တီးတာတွေနဲ့ ရှာဖွေဖော်ထုတ်တာတွေကို မိုဘိုင်းဖုန်းပေါ်မှာတင် လွယ်လွယ်ကူကူပြုလုပ်နိုင်ဖို့ ဒီဇိုင်း ရေးဆွဲထားတာဖြစ်ပါတယ်။ နိုင်ငံတဝှမ်းက TikTok အသုံးပြုသူတွေအတွက် TikTok က မြန်မာနိုင်ငံမှာ (တယ်လီနောမြန်မာနဲ့) အခုလို ပထမဆုံးလက်တွဲ ဆောင်ရွက်လိုက်နိုင်တဲ့အတွက် အရမ်းဝမ်းမြောက်မိပါတယ်။ ပိုပြီး အရေးကြီးတာက ဒီလက်တွဲဆောင်ရွက်မှုကြောင့် လက်ရှိအသုံးပြုနေသူတွေရော အခုမှ စတင်အသုံးပြုမယ့်သူတွေ အတွက်ပါ သူတို့ရဲ့ ဖန်တီးမှုတွေနဲ့ ဘဝရဲ့ အရေးပါတဲ့ အခိုက်အတန့်တွေကို ဝေမျှနိုင်ပြီဖြစ်တယ်ဆိုတာပါပဲ။ TikTok အတွက်တော့ ပြည်တွင်းကကိုယ်ပိုင်ဖန်တီးမှုတွေဆိုတာ အသက်ပါပဲ။ ဒါကြောင့် အခုလို ထူးခြားပြီး ဈေးနှုန်းသက်သာ တဲ့ ဒေတာပက်ကေ့ချ်ကြောင့် သုံးစွဲသူတွေက သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ရောင်ပြန်ဟပ်တဲ့ ဖန်တီးမှုတွေကို ပြုလုပ်ဝေမျှရာမှာ ပိုပြီး လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်” ဟု TikTok ၏ Strategic Partnerships South East Asia မှ Steven Tannason က ပြောကြားသည်။

‘စိတ်ကြိုက်ကြည့်’ အစီအစဉ်အား *7799*1# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ MyTelenor app နှင့် WowBox မှ တဆင့်ဖြစ်စေ အပတ်စဉ် ကျသင့်ငွေ ၄၉၉ ကျပ်နှုန်းထားဖြင့် အလွယ်တကူ စာရင်းပေးသွင်းရယူနိုင်မည်ဖြစ်သည်။ ဤ အစီအစဉ်သည် အလိုအလျောက် ထပ်မံသက်တမ်းတိုးမည် မဟုတ်သည့်အတွက် အသုံးပြုသူများအနေဖြင့် အစီအစဉ် သက်တမ်း ကုန်ဆုံးသွားပါက အပတ်စဉ် ထပ်မံစာရင်းပေးသွင်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ တယ်လီနော အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများစွာနှင့် ပူးပေါင်း၍ ဆန်းသစ်သော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ထို့အပြင် မကြာသေးမီအချိန်ကလည်း တယ်လီနောသည် ၎င်း၏ MyTelenor app မှတဆင့် များစွာသော နေ့စဉ်ဆုမဲများနှင့် အထူးဆု KIA Picanto ကားသစ် ၄ စီးအား ချီးမြှင့်ပေးသွားမည့် ‘ရှယ် SPIN၊ ရှယ် WIN’ အမည်ရ အထူးကံစမ်းမဲ အစီအစဉ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံ တဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်း ကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၆ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။