နိုင်ငံတဝန်း 4G/LTE တာဝါတိုင်ပေါင်း ၆၁၀၀ ကျော်ဖြင့် မြန်မာ့အကြီးမားဆုံး 4GSuperLTE+ ကွန်ရက်အဖြစ် တယ်လီနောရပ်တည်လာ

တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံတဝန်း၌ LTE တာဝါတိုင်ပေါင်း (၆၁၀၀) ကျော်အားပိုင်ဆိုင်ထားပြီး မြို့နယ်ပေါင်း ၃၀၀ ကျော် ကို 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 4G/LTE ကွန်ရက်အားပိုင်ဆိုင် ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ်၏ ပထမ သုံးလပတ်အပြီးတွင် တယ်လီနောမြန်မာသည် ၎င်း၏ ကွန်ရက်အတွင်း LTE တာဝါတိုင်ပေါင်း (၈၅၆) ခုကို ထပ်မံ တည်ဆောက်နိုင်ခဲ့သည့်အပြင် ဧပြီလအကုန်တွင် LTE တာဝါတိုင်ပေါင်း (၁၁၀၀) ကျော်အထိ တည်ဆောက်သွားနိုင်ရန် ရည်ရွယ် ထားသည်။ ယခုအချိန်တွင် မင်းလှ၊ လေးမျက်နှာ၊ ဇလွန်၊ ကျောင်းကုန်း၊ နမ္မတူ၊ မိုင်းပန်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များသည် တယ်လီနော မြန်မာ၏ အရည်အသွေးမြင့် 4G/LTE ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်နေပြီ ဖြစ်ကြောင်းလည်းသိရသည်။

Photo Source- https://bit.ly/2UXgPkl

“ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဒေတာကွန်ရက် 4GSuperLTE+ အဖြစ်နဲ့ တယ်လီနောက (၁၀၀) ရာခိုင်နှုန်း နီးပါးအထိကို ကွန်ရက် ဖြန့်ကြက်လွှမ်းခြုံထားနိုင်ပြီး ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာတဲ့ အချိန်ကစပြီး တယ်လီနောအနေနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီးအတတ်နိုင်ဆုံးပံ့ပိုးကူညီခဲ့ပါတယ်။ မြန်မာနိုင် ငံမှာရှိတဲ့ အသုံးပြုသူတွေအတွက် အကောင်းမွန်ဆုံး အရာတွေကို သယ်ဆောင်လာပေးနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့အညီ LTE တာဝါ တိုင်ပေါင်း (၆၁၀၀) ကျော်ကို တည်ဆောက်သွားမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း ၂၀၁၉ ခုနှစ်မှာ အောင်မြင်စွာအကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ အသုံးပြုသူတွေအတွက် တယ်လီနောကွန်ရက်ကို ဆက်လက်အဆင့်မြှင့်တင်သွားဦးမှာဖြစ်တဲ့အပြင် တယ်လီ နောရဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုမျိုး အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်မလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တော့လည်း အသိပညာပေးမှုတွေ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာ ဆိုင်ရာ အရာရှိချုပ် Jai Prakash က ပြောကြားသည်။

တယ်လီနော သည် နိုင်ငံတဝန်းရှိ ကွန်ရက်အခြေအနေကို တိုင်းတာစစ်ဆေးရန်အတွက် ၎င်း၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ် 4GLeo ကိုလည်း ၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်း၏ ပထမတစ်နှစ်တာကာလအတွင်း 4GLeo သည် ခရီးစဉ်အကွာ အဝေးစုစုပေါင်း (၂၀၁၀၂) ကီလိုမီတာအထိ ခရီးနှင်ခဲ့ပြီး မြို့နယ်ပေါင်း (၅၄) မြို့နယ်သို့ သွားရောက်ကာ ကွန်ရက်အရည်အသွေးတိုင်း တာစစ်ဆေးခြင်း၊ အသုံးပြုသူများနှင့် တွေ့ဆုံခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

Photo Source- https://bit.ly/2UXgPkl

“နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့သာမက တယ်လီနောမြန်မာရဲ့ ကွန်ရက်ဆိုင်ရာကိုယ်စားလှယ် တစ်ဦးအနေနဲ့ နေရာဒေသပေါင်းများစွာကို ကျွန်တော်သွားလာခဲ့ပြီး နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေ အကောင်းမွန်ဆုံး ကွန်ရက်အရည်အသွေးတွေ သုံးစွဲနိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။ ကျေးလက်ဒေသဖြစ်ဖြစ်၊ မြို့ပြပဲဖြစ်ဖြစ် မြန်မာနိုင်ငံတဝန်းက တယ်လီနောအသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေး မြင့် ဒေတာဝန်ဆောင်မှုတွေ ကနေ အကျိုးကျေးဇူးများစွာကို ရရှိနေကြတာကို တွေ့ရှိရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ဒီလိုမျိုး ဆက်လက်ပေးအပ်နိုင်စေဖို့အတွက် တယ်လီနောကွန်ရက် လွှမ်းခြုံ ထားတဲ့ နေရာဒေသ အားလုံးက အသုံးပြုသူတွေကို ကွန်ရက်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ပေးသွားဖို့ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ဆက်လက် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု 4G Leo က ပြောကြားသည်။
တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တရားဝင် စတင်ပေးအပ်ခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံတဝန်း၌ ဆက်သွယ်ရေးတာဝါတိုင်စုစုပေါင်း ၈၆၀၀ ကျော်နှင့် အရောင်းဆိုင်ပေါင်း တစ်သိန်းကျော်အား ပိုင်ဆိုင်ထားကာ မြန်မာ နိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G မိုဘိုင်းကွန်ရက်များဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း (၁၈) သန်း ကို ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။