ဘယ်ဆင်းကဒ်က Data Roaming rateအသက်သာဆုံးလဲ

 

သင်ဟာမြန်မာနိုင်ငံကနေပြီးပြည်ပသို့ထွက်ခွာတဲ့အခါ နိုင်ငံခြားမှာ Data Roaming ကြေးတွေအများကြီးပေးရမှာစိုးလို့ အင်တာနက်အသုံးပြုရမှာထိတ်လန့်နေသူတစ်ဦးလား။ ခဏခဏအလုပ်ကိစ္စရပ်တွေကြောင့် ခရီးထွက်နေရတယ်ဆိုရင်တော့ ရောက်တဲ့နေရာမှာ လက်တလောအသုံးပြုနေရတဲ့ အင်တာနက်မရှိတောကြောင့် ဧည့်သည်တွေနဲ့ အကြီးအကဲတွေရဲ့ အရေးကြီး အီးမေးလ်တွေ လွတ်သွားပြီးဒုက္ခတွေရောက်တက်ပါတယ်။ ဒီအတွက်တော့ အဖြေရှိပါတယ်။ မြန်မာနိုင်ငံက Telecom Operator များကနေ နိုင်ငံခြားမှာ Data Roaming တွေအသုံးပြုလို့ရအောင် စီစဉ်ထားပြီဖြစ်ပါတယ်။

လေယာဉ်တွေအကြာကြီးစီးပြီး သင် လေယာဉ်ပျံသန်းနေစဉ်တစ်လျှောက်လုံး လွတ်သွားတဲ့ မက်ဆေ့တွေ၊ ဖုန်းကောတွေ၊ အီးမေးလ်တွေကို စိတ်ပူနေရတာမို့ သင်လေဆိပ်ရောက်တဲ့အခါ Wifi ရမဲ့နေရာကိုပြေးရှာရတဲ့က သင့်ကိုပိုပင်ပန်းစေပါတယ်။ ဒီတော့ Sim Card အသစ်ပြေးဝယ်စရာမလိုဘဲ Data Roaming နဲ့တင်အလွယ်တကူ အသုံးပြုလို့ရအောင် မိမိသွားမယ့်နိူင်ငံအလိုက် အသက်သာဆုံး Operator တွေကို ရွေးချယ်လို့ရအောင် မြန်မာနိုင်ငံမှာရှိတဲ့ Operator တွေရဲ့ Data Roaming Rate တွေကိုယှဉ်တွဲဖော်ပြလိုက်ပါတယ်။

Photos Source- Myanmar Tech Press