၂၀၁၉ ခုနှစ်အတွက် PCT Patent Applications စာရင်း ထိပ်ဆုံး (၅) နေရာအတွင်း OPPO ပါဝင်

ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း (WIPO) မှ ၂၀၁၉ ခုနှစ်အတွက် Patent Cooperation Treaty (PCT) System နှင့်အညီတင်သွင်းခဲ့သောနိုင်ငံတကာမှမူပိုင်ခွင့် လျှောက်လွှာစာရင်းရလဒ်ကိုကြေညာခဲ့ရာ OPPO မှမူပိုင်ခွင့်လျှောက်လွှာ ၁,၉၂၇ ခုနှင့်မူပိုင်ခွင့်တင်သွင်းခဲ့ရာမူပိုင်ခွင့် လျှောက်လွှာတင်သွင်းသည့်ကုမ္ပဏီစာရင်းတွင် (၅) ခုမြောက်အများဆုံး တင်သွင်းသောကုမ္ပဏီအဖြစ်ပါဝင်ခဲ့ကြောင်းသိရသည်။

Photo Source https://www.facebook.com/oppomyanmar/

တိုင်း၊ ပြည်နယ်ပေါင်း၁၅၀ကျော်တို့နှင့်နိုင်ငံတကာသဘောတူစာချုပ်ဖြစ်သည့် PCT အောက်တွင် နိုင်ငံတကာမူပိုင်ခွင့် တစ်ခုတင်သွင်းခြင်းဖြင့်လျှောက်ထားသူမှာ မိမိတီထွင်မှုကိုနိုင်ငံအများအပြားတွင်မူပိုင်ခွင့်ရယူထိန်းသိမ်းနိုင်မည်ဖြစ်သည်။ OPPO သည် ၂၀၀၉ခုနှစ်မှစ၍နည်းပညာပိုင်းဆိုင်ရာ မူပိုင်ခွင့်လျှောက်ထားမှုများကို ကမ္ဘာအနှံ့အပြားတွင်တွင် ကျယ်အောင်ချဲ့ထွင်ရာမှယခင်နှစ်တွင် WIPO ၏နိုင်ငံတကာမူပိုင်ခွင့် လျှောက်လွှာစာရင်းတွင်နံပါတ် (၁၇) နေရာဖြင့် ရောက်ခဲ့ပြီး ယခုနှစ်တွင်မဆုတ်မနစ်ကြိုးစားမှုတို့ကြောင့်နံပါတ် (၅) နေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
OPPO သည် ၂၀၂၀ ပြည့်နှစ်မတ်လတွင်နိုင်ငံတကာ မူပိုင်ခွင့်လျှောက်ထားမှု ၄၃,၀၀၀ ကျော်ကိုတင်သွင်းခဲ့ပြီး ၁၆,၀၀၀မှာအတည်ပြုချက်ရရှိခဲ့ပြီဖြစ်သည်။ လျှောက်လွှာစုစုပေါင်း၏၈၈ရာခိုင်နှုန်း (၃၈,၀၀၀ကျော်) သည် တီထွင်မှုဆိုင်ရာမူပိုင်ခွင့်များဖြစ်သည်။ OPPO သည် 5G မူပိုင်ခွင့်လျှောက်လွှာ၃,၀၀၀ကျော်နှင့် AI မူပိုင်ခွင့်လျှောက်လွှာ ၁,၉၀၀ ကျော်ကိုတင်သွင်းထားသည်။ ရုပ်ပုံမူပိုင်ခွင့်လျှောက်လွှာ ၆,၁၀၀ ကျော်ကိုတင်သွင်းထားသည့်အနက် ၂,၀၀၀ မှာအတည်ပြုချက်ရရှိထားပြီးဖြစ်သည်။ ထို့အပြင်အမြန်အားသွင်းသည့်စနစ်ပိုင်းတွင် OPPO မှ Applications ၂,၇၀၀ ကျော်ကို နိုင်ငံတကာအဆင့်တင်သွင်းခဲ့ပြီး ၁,၁၀၀ ကျော်မှာမူပိုင်ခွင့်အတည်ပြုချက်ရရှိခဲ့ပြီးဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

“၂၀၁၉ ခုနှစ်အတွက် PCT နိုင်ငံတကာမူပိုင်ခွင့် လျှောက်လွှာစာရင်းမှာအရင်နှစ်နံပါတ် (၁၇) ကနေအခုနံပါတ် (၅) ကို ရောက်ရှိလာတာက လွန်ခဲ့တဲ့နှစ်တွေမှာတရုတ်နိုင်ငံအပြင်နိုင်ငံတကာမှာပါမူပိုင်ခွင့်လျှောက်ထားမှုတင်သွင်းဖို့ပြောင်းလဲခဲ့တဲ့ OPPO ရဲ့ နည်းလမ်းဗျူဟာကအောင်မြင်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။ ဒီနည်းလမ်းအတိုင်း ဆက်သွားပြီး နိုင်ငံတကာကအထူးသဖြင့်အရေးကြီးတဲ့ နိုင်ငံတွေရဲ့မူပိုင်ခွင့်ပိုင်းမှာပိုမိုအရှိန်မြှင့်ကြိုးစားသွားမှာပါ။အခုဆိုရင် 5G Standard၊ အမြန်အားသွင်းစနစ်နည်းပညာပိုင်း၊ပုံရိပ်ပိုင်း၊ AI ၊ IoT လိုမျိုးအရေးကြီးတဲ့အခန်းကဏ္ဍများမှာ မူပိုင်ခွင့်လျှောက်လွှာ တွေတင်သွင်းထားပါတယ်။ Chip ပြုလုပ်တာ၊ Display နည်းပညာပိုင်းနဲ့ Antenna စတဲ့အပိုင်းတွေမှာလည်း တီထွင်အောင်မြင်မှုတွေရရှိလာအောင်ပိုမိုကြိုးစားသွားပါ့မယ်” ဟု OPPO ၏ မူပိုင်ခွင့်ဆိုင်ရာဌာန၏ Senior Director ဖြစ်သူ Ying Feng က ပြောကြားသည်။
OPPO သည်မူပိုင်ခွင့်သစ်များတိုးပွားမှုကိုအစဉ်အလေးထားစဉ်းစားခဲ့ကာ နောက်ဆုံးပေါ်နည်းပညာများ ဆန်းသစ်တီထွင် ခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းတို့ကိုလည်းအရှိန်အဟုန်တိုးမြှင့်ကာကြိုးစားလုပ်ဆောင်လျှက်ရှိသည်။ OPPO ၏ စတည်တည် ထောင်သူ CEO Mr.Tony Chen က OPPO သည်လာမည့်သုံးနှစ်အတွင်း R&D ပိုင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 5G, AI, AR နှင့် big data စသည့်အပိုင်းများတွင် သုတေသနပြုလုပ်မှုများပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီးအဓိကအခြေခံဖြစ်သော Hardware Technologies နှင့် Software Engineering Ability များတွင်လည်းပိုမိုတိုးတက်အောင်ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်မံပြောြ ကားသွားခဲ့သည်။ R&D ပိုင်းတွင်ကြိုးစားအားထုတ်မှုများ၊ ဈေးကွက်ပါတနာများနှင့်ပူးပေါင်း ဆောင်ရွက်မှုများနှင့် အတူနောက်ဆုံးပေါ်နည်းပညာအသစ်အဆန်းများကိုကမ္ဘာအနှံ့မှသုံးစွဲနိုင်အောင် OPPO မှ အစွမ်းကုန် ကြိုးပမ်းလျှက်ရှိ ကြောင်းသိရသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီးကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar/
https://www.oppo.com/mm/