Samsung ရဲ့ Galaxy Foldables စမတ်ဖုန်းအသစ်တွေမှာ စတင်ပါဝင်လာတော့မယ့် One UI 8 Beta Program ကို မိတ်ဆက်

Samsung Galaxy ရဲ့ အမျိုးမျိုးသောထုတ်ကုန်များနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းထုတ်ထားပြီး စစ်မှန်တဲ့ multimodal AI Agent တစ်ခုလိုလုပ်ဆောင်ချက်တွေနဲ့ Software Intelligence ရဲ့ ခေတ်သစ်ကို ယူဆောင်လာမယ့် One UI 8 Software Update အသစ်ဟာ မကြာခင်မှာရောက်ရှိလာတော့မှာဖြစ်ပြီး ယခုအချိန်မှာတော့ Beta Program ကို စတင်အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။
Galaxy ထုတ်ကုန်တွေကိုအသုံးပြုရအဆင်ပြေလွယ်ကူရိုးရှင်းစေပြီး ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရရှိအောင် ကူညီပေးမယ့် One UI Update အသစ်ကို Samsung ကနေ Google နဲ့ ပူးပေါင်းပြီး integrated software platform တစ်ခုအနေနဲ့ ဖန်တီးပေးထားတာဖြစ်ပြီး အသစ်ထွက်ရှိလာတော့မယ့် Samsung ရဲ့ Foldable စမတ်ဖုန်းအသစ်တွေနဲ့အတူ ပွဲဦးထွက်လာတော့မှာပါ။ One UI 8 ဟာ နောက်ဆုံးပေါ် Android 16 မှာ အသုံးပြုနိုင်မယ့် ပထမဆုံး UI Platform တွေထဲက တစ်ခုလည်း ဖြစ်လာမှာဖြစ်ပါတယ်။
Image: Samsung
ချောမွေ့ပြီး သဘာဝဆန်တဲ့ လုပ်ဆောင်ချက်တွေ စိတ်ကြိုက်ပြုလုပ်နိုင်စေမယ့် AI 
တရားဝင် မိတ်ဆက်ပေးလာတော့မယ့် One UI 8 ဟာ Galaxy S25 Series မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ AI လုပ်ဆောင်ချက်တွေကို ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး ပိုမိုလွယ်ကူအဆင့်မြင့်တဲ့ AI အသုံးပြုမှုအတွေ့အကြုံကို ရရှိစေမှာပါ။ ချောမွေ့ပြီး သဘာဝဆန်တဲ့ ဘက်စုံလုပ်ဆောင်နိုင်စွမ်း၊ မည်သည့် Galaxy ထုတ်ကုန်အတွက်မဆို အံဝင်ခွင်ကျဖြစ်စေမယ့် UX နဲ့ အသုံးပြုသူအပေါ်မူတည်ပြီး သင့်တော်တဲ့ အကြံပြုချက်များပေးနိုင်စွမ်းစတဲ့ အဓိကသိသာထင်ရှားတဲ့ ပြောင်းလဲမှုသုံးခု ပါလာမှာဖြစ်ပါတယ်။ Now bar နှင့် Now brief တို့လို လုပ်ဆောင်ချက်တွေမှာလည်း AI အချက်အလက်တွေပေါ်မူတည်ပြီး အသုံးပြုသူအတွက် လိုအပ်တဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို ပေးစွမ်းနိုင်တဲ့အတွက် လုပ်ငန်းဆောင်တာတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေဖို့ ပံ့ပိုးပေးမှာပါ။
ယခုလို စွမ်းဆောင်ရည်မြင့် AI အတွေ့အကြုံကို ပေးစွမ်းနိုင်တာဟာ သုံးစွဲသူရဲ့ အချက်အလက်တွေကိုကာကွယ်ပေးနေတဲ့ ခိုင်မာတဲ့လုံခြုံရေးစနစ်ကြောင့်လည်း ဖြစ်ပါတယ်။ Samsung Knox Vault နဲ့ အတူ လုံခြုံစိတ်ချရတဲ့ Processor နဲ့ မှတ်ဉာဏ်တို့ရဲ့ ပေါင်းစပ်မှုကြောင့် အသုံးပြုသူရဲ့ အချက်အလက်များထဲမှ အရေးကြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သီးခြားခွဲထုတ်ပေးပြီး အသုံးပြုသူကလွဲပြီး မည်သူမှ ကိုယ်တိုင်ဖြစ်စေ၊ အဝေးမှထိန်းချုပ်ဖြစ်စေ မရရှိနိုင်အောင် ကာကွယ်ပေးထားပါတယ်။ One UI 8 မှာ Galaxy AI လုပ်ဆောင်ချက်များစွာကို On-device နှင့် Cloud-based နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတဲ့အတွက် အသုံးပြုသူအနေနဲ့ မိမိစိတ်ကြိုက် လုပ်ဆောင်ချက်ကို ရွေးချယ်ကာ အချက်အလက်တွေကို စီမံနိုင်မှာဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိစွာနဲ့ သုံးစွဲသူရဲ့အချက်အလက်တွေကို ကာကွယ်ပေးထားတဲ့ AI သုံးစွဲမှုအတွေ့အကြုံကို ရရှိစေမှာပါ။
Image: Samsung
ပိုမို အဆင်ပြေချောမွေ့လာတဲ့ နေ့စဉ်ဘဝ 
One UI 8 မှာ ပိုမိုကောင်းမွန်တဲ့ AI သုံးစွဲမှုအတွေ့အကြုံတွေသာမကဘဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုချောမွေ့လွယ်ကူစေမယ့် လုပ်ဆောင်ချက်တွေနဲ့လည်း ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ Bluetooth LE Audio ကိုအခြေခံထားတဲ့ Auracast အသံနည်းပညာကြောင့် Galaxy Buds3 နှင့် နားကြားကိရိယာများကဲ့သို့သော Auracast စက်ပစ္စည်းများကို QR ကုဒ်စကင်န်ဖတ်ခြင်းနှင့် မျှဝေခြင်းမှတစ်ဆင့် ရိုးရှင်းလွယ်ကူစွာချိတ်ဆက်နိုင်စေမှာပါ။
Reminder app ဟာလည်း ပိုမိုအဆင်ပြေချောမွေ့ပြီး အလိုလိုသိတဲ့ လုပ်ဆောင်ချက်တွေနဲ့ ခရီးသွားလာမှုများကိုပါ ပိုမိုအဆင်ပြေအောင်ပံ့ပိုးပေးနိုင်တော့မှာဖြစ်ပါတယ်။ ပထဆုံးအကြိမ်အနေနဲ့ အသုံးပြုသူများအတွက်ပါ လွယ်ကူရိုးရှင်းစွာ ကြည့်ရှုနိုင်မယ့် UX နဲ့အတူ သတိပေးချက်များကို တစ်နေရာထဲမှာ ကြည့်ရှုစီမံနိုင်တော့မှာဖြစ်ပြီး အသံနဲ့ပါ မှတ်သားထားလိုသည်နဲ့ သတိပေးချက်တွေကို ထည့်သွင်းနိုင်တော့မှာပါ။ ပိုမိုအဆင့်မြင့်လာတဲ့ Quick Share လုပ်ဆောင်ချက်ကလည်း မိမိမျှဝေလိုတဲ့ အချက်အလက်များနဲ့ အမှတ်တရများကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လွယ်ကူချောမွေ့စွာ ချက်ချင်းမျှဝေနိုင်၊ လက်ခံနိုင်စေမှာဖြစ်ပါတယ်။
Galaxy AI ရဲ့ အနာဂတ် ဟာ One UI 8 နဲ့အတူ စတင်နေပြီဖြစ်ပြီး One UI 8 ကို ပထမဆုံး တွေ့ကြုံခံစားနိုင်သူတွေထဲ ပါဝင်လိုသူများအနေနဲ့ Samsung Members App မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ One UI  8 Update နဲ့ Galaxy AI လုပ်ဆောင်ချက်အသစ်တွေနဲ့ ပတ်သတ်ပြီး ပိုမို သိရှိလိုရင်တော့ Samsung Newsroom နဲ့ Samsung Myanmar Facebook Page တို့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။