Tokyo Gaming Show 2022 တွင်မိတ်ဆက်ခဲ့သော ဂိမ်းများ

Xbox ရဲ့ Tokyo Gaming Show 2022 ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက် နေ့အထိ ၄ ရက် တာကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပြပွဲအတွင်းမှာ သတင်းကြေငြာချက်တွေ၊ Cosplay တွေအပါအဝင် Xbox, PlayStation နဲ့ Windows PC တို့အတွက် ဂိမ်းပေါင်းများစွာကိုလည်း မိတ်ဆက် ခဲ့ပါသေးတယ်။ Tokyo Gaming Show 2022 ရဲ့ Livestream ကို မကြည့်လိုက်ရသူတွေအတွက် ပြပွဲမှာမိတ်ဆက်ပေး ချပြခဲ့တဲ့ ဂိမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Persona 5 Royal

Role-playing game တစ်ခုဖြစ်တဲ့ Persona 5 Royal Trailer ကိုမိတ်ဆက်ပေးခဲ့ပြီး ၂၀၂၂ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထွက်ရှိသွားမှာ ဖြစ်ပါတယ်။ ထွက်ရှိထားတဲ့ Persona 5 ရဲ့ Edition အသစ်တစ်ခုလည်း ဖြစ်ပါတယ်။  ဂိမ်းရဲ့ အဓိက Story ကို အပြီး ဆော့ကစားနိုင်ဖို့အတွက် ခန့်မှန်းချေ နာရီပေါင်း ၁၀၃ နာရီကြာမြင့်မယ်လို့လည်း သိရပါတယ်။ Single Player ဂိမ်းတစ်ခုဖြစ်သလို Xbox Consoles, Nintendo Switch နဲ့ Windows PC တို့မှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Wo Long: Fallen Dynasty

Wo Long: Fallen Dynasty ဆိုတဲ့ Dramatic ဆန်ဆန်ဆော့ကစားရမယ့် Action RPG ဂိမ်းတစ်ခုဟာလည်း Xbox Game Pass မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် ရက်စွဲကို Confirm မပြုလုပ်ရသေးပေမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ ထွက်ရှိလာမယ်လို့ Official Gameplay Trailer မှာ ဖော်ပြထားပါတယ်။ Microsoft Store PS4, PS5, Steam, Xbox Game Pass, Xbox One, Xbox Series X | S တွေပေါ်မှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Exoprimal

၂၀၂၃ ခုနှစ်မှာ Xbox Consoles တွေပေါ် ရောက်ရှိလာမယ့် နောက်ထပ်ဂိမ်းကတော့ Exoprimal ဖြစ်ပါတယ်။ Multiplayer Action Game တစ်ခုဖြစ်သလို 5 vs 5 PVP နဲ့ PVE Mission တွေပါဝင်မှာ ဖြစ်ပါတယ်။ Armor Suit တွေဝတ်ဆင်ပြီး ဒိုင်နိုဆောတွေ၊ Leviathan လို့ခေါ်တဲ့ Artificial Intelligence ကိုတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Exoprimal ကို PlayStation4, PS5, Xbox One, Xbox Series X/S နဲ့ PC တွေပေါ်မှာ ဆော့ကစားနိုင်မှာပါ။

BlazBlue: Cross Tag Battle Special Edition

BlazBlue: Cross Tag Battle ဂိမ်းဟာ Persona, Under Night In-Birth နဲ့ RWBY web series တွေက ဇာတ်ကောင်တွေကို ပြန်လည်ထည့်သွင်းထားတဲ့ Cross-universe fighting game တစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ PlayStation, Switch နဲ့ PC တွေ ပေါ်မှာ release ပြုလုပ်ပေးခဲ့ပြီး ၂၀၂၃ နွေဦးပိုင်းမှာတော့ Xbox Game Pass ပေါ်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Guilty Gear -Strive-

2D Anime Fighting Game တစ်ခုဖြစ်တဲ့ Guilty Gear Strive ဟာလည်း ၂၀၂၃ မှာ Xbox Game Pass ပေါ်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ Unreal Engine ကိုအသုံးပြုပေးထားပြီး “The Best Fighting Game” ဆုကိုလည်း The Game Awards 2021 မှာ ရရှိခဲ့ပါသေးတယ်။

Naraka: Bladepoint Yushan Ruins and Chapter 2 campaign mode

Naraka: Bladepoint ဂိမ်းဟာ ဂျွန်လ ၂၀၂၂ ခုနှစ်မှာ Xbox ပေါ်ကို “Showdown” Champion Mode ဆိုတဲ့ Mode နဲ့ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အခုတစ်ခေါက်မိတ်ဆက်လိုက်တဲ့ Chapter 2 ကိုတော့ အောက်တိုဘာလမှာ စတင်ထွက်ရှိမှာ ဖြစ်ပါတယ်။ Yushan Ruins လို့ခေါ်တဲ့ မြေပုံအသစ်ကိုလည်း ၂၀၂၂ ဒီဇင်ဘာလမှာ Xbox ပေါ်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ Hero အသစ်၊ Game Mode အသစ် နဲ့အတူ၊ နေရာအသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Ni no Kuni: Wrath of the White Witch Remastered

Ghibli Studio နဲ့ပူးပေါင်းထုတ်လုပ်ထားပြီး လူကြိုက်များနေတဲ့ Ni no Kuni ဂိမ်းဟာ Xbox ပေါ်ကို ပထမဆုံးအကြိမ်အဖြစ် Ni no Kuni: Wrath of the White Witch အနေနဲ့ရောက်ရှိလာမှာ ဖြစ်ပါတယ်။ Part 1 ဖြစ်ကြောင်းလည်း ဖော်ပြထားသလို ၂၀၂၃ ခုနှစ် အတွင်း Xbox Game Pass ပေါ်ကို Ni no Kuni 2: Revenant Kingdom အနေနဲ့ launch လုပ်ဖို့လည်း ဖော်ပြထားပါတယ်။

Danganronpa V3: Killing Harmony

၂၀၁၇ ခုနှစ်မှာ Play Station အတွက်စတင်ထွက်ရှိထားခဲ့တဲ့ Danganronpa V3: Killing Harmony ဟာ Xbox Game Pass ပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Adventure, Visual Novel ဂိမ်းတစ်ခုဖြစ်ပြီး Single Player အနေနဲ့ ဆော့ကစားရမှာပါ။ Android နဲ့ iOS Platform တွေပေါ်ကို ၂၀၂၁ မှာ စတင်ပေးခဲ့ပြီးဖြစ်ပါတယ်။ PlayStation 4, Microsoft Windows, Nintendo Switch တို့ပေါ်ကနေလည်း ဆော့ကစားနိုင်ပါတယ်။

Overwatch 2: New hero Kiriko

လူကြိုက်များတဲ့ Overwatch ဂိမ်းရဲ့ Overwatch 2: New hero Kiriko ဟာလည်းအောက်တိုဘာလ ၄ ရက်နေ့မှာ Xbox ပေါ် ရောက်ရှိလာမှာဖြစ်ပါတယ်။ Free-to-play ဂိမ်းတစ်ခုဖြစ်လာမယ့်အပြင် Hero အသစ်ဖြစ်တဲ့ Kiriko လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Windows PC, Xbox Series, Xbox One, PlayStation 4, 5 နဲ့ Nintendo Switch Consoles တွေမှာ ဆော့ကစားနိုင်မှာပါ။

Forza Horizon: 10 Year Anniversary

Racing ဂိမ်းချစ်သူတွေအတွက် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရောက်ရှိလာမယ့် ဂိမ်းကတော့ Forza Horizon ဖြစ်ပါတယ်။ ၁၀ နှစ်ပြည့်အထိန်းအမှတ်အနေနဲ့ ထွက်ရှိလာမှာဖြစ်သလို အခမဲ့ဆော့ကစားနိုင်မယ်လို့လည်း သိရပါတယ်။ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ဩစတြေးလျ၊ ကော်လာရန်ဒို နဲ့ မက္ကဆီကို နိုင်ငံတွေကို ထည့်သွင်းပေးထားပါတယ်။

Palworld

Pokemon လေးတွေကိုသဘောကျတဲ့သူတွေ၊ Open World တွေဆော့ကစားရတာ သဘောကျသူတွေအတွက် အကြိုက်တွေ့စေမယ့် ဂိမ်းလေးကတော့ Palworld ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ Xbox consoles တွေအတွက် ထွက်ရှိလာမှာပါ။ Multiplayer Open World Survival ဂိမ်းတစ်ခုဖြစ်ပြီး Pokenmon လေးတွေစုပြီးတော့ ဆော့ကစားရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Assassin’s Creed: Odyssey

Xbox Game Pass အတွက်နောက်ထပ် ဂိမ်းတစ်ခုကတော့ Assassin’s Creed: Odyssey ပဲဖြစ်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်လုပ်ပေးသွားမှာပါ။

Deathloop

Tokyo Game Show 2022 ရဲ့ နောက်ဆုံးပိတ်မိတ်ဆက်ပေးခဲ့တဲ့ ဂိမ်းတစ်ခုကတော့ Deadloop ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်ဆော့ကစားနိုင်မှာ ဖြစ်သလို အရင်ကလည်း Sony PlayStation console ပေါ်မှာ ထွက်ရှိခဲ့ပြီးသား ဖြစ်ပါတယ်။ Weapon အသစ်၊ Enemy အသစ်၊ Upgrade အသစ်တွေအပြင် Cross-platform matchmaking တွေလည်းပါဝင်လာမှာ ဖြစ်ပါတယ်။