ဈေးနှုန်းသက်သာပြီး လူကြိုက်များတဲ့ vivo Y01 စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအကြောင်း
vivo စမတ်ဖုန်းဈေးကွက်ရဲ့ အရောင်းရဆုံး ဖုန်းတွေထဲမှာ vivo Y01 စမတ်ဖုန်းလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖုန်းအရောင်းဆိုင်တွေမှာလည်း အရောင်းသွက်လျက်ရှိပြီး ဝယ်ယူသူများလည်း အကြိုက်တွေ့ကြစေပါတယ်။ အဲဒီအတွက် ကြောင့် vivo စမတ်ဖုန်းချစ်သူတွေ အနေနဲ့ vivo Y01 စမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်အကြောင်းတွေကို ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
vivo Y01 စမတ်ဖုန်းဟာ 8 ဒဿမ 28 mm ပါးလွှာသော 3D နောက်ကျောဒီဇိုင်းနဲ့ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 5000mAh ဘက်ထရီပါရှိပြီး ယနေ့ခေတ်လူငယ်တွေအကြိုက် ကိုယ်တွယ်ရတာ သက်သောင့်သက်သာရှိစေဖို့ အပါးလွှာဆုံး ပုံစံနဲ့ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။
Elegant Black နဲ့ Sapphire Blue ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ထုတ်လုပ်ထားတာပါ။ Elegant Black အရောင်က classic ဆန်ပြီး ဘယ်တော့မှ စတိုင်ခေတ်နောက်မကျစေအောင် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ Sapphire Blue အရောင်ကတော့ သဘာဝ နီလာကျောက်အသွင်နဲ့ ခေတ်ဆန်ပြီး လူငယ်အတွက် ဆွဲဆောင်မှုရှိစေဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါ။
Photo Source https://www.facebook.com/vivomobileMM
Vivo Y01 စမတ်ဖုန်းနဲ့ အခြားကိရိယာများကို reverse charging အသုံးပြုပြီး အားသွင်းနိုင်ပါသေးတယ်။ vivo Y01 စမတ်ဖုန်းဟာ ၆.၅၁ လက်မ Halo FullView™ Display နှင့် HD+ (1600×720) resolution တို့ပါဝင်တာကြောင့် ဗီဒီယိုနှင့် ဂိမ်းဆော့တဲ့သူတွေအတွက် ကျယ်ကျယ်ပြန့်ပြန့်မြင်ကွင်းများနဲ့ကြည့်ရှုခံစားနိုင်မှာလည်းဖြစ်ပါတယ်။ Vivo Y01 စမတ်ဖုန်း 8MP အနောက်ကင်မရာက Time-Lapse မှ Face Beatury အထိအကုန်ပါဝင်ပါတယ်။
Vivo Y01 စမတ်ဖုန်းမှာ ဆင်းကဒ် ၂ ကဒ် 1TB ပါရှိသော memory 5 card တစ်ကဒ် စုစုပေါင်း ၃ ကဒ်ထည့်လို့ရပါတယ်။ ဖုန်းတစ်လုံးထဲမှာ ဆင်းကဒ်နှစ်ကဒ်ထည့်နိုင်ပြီး ကဒ်အပြောင်းအလဲ လုပ်စရာမလိုတော့ပါဘူး။ Memory card 1 TB အထိတိုးချဲ့နိုင်မှာဖြစ်ပြီး အမှတ်တရ ဓာတ်ပုံနှင့် ဗီဒီယိုအများကြီး သိမ်းစည်းထားချင်သူတွေအတွက်လည်း အဆင်ပြေစေပါ တယ်။ ဒါ့အပြင် မိမိဖုန်းကို ကိုင်လိုက်သည်နှင့် ဖုန်းကို ဖွင့်ပေးနိုင်တဲ့ System ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
Multi-Turbo 3.0 စနစ်က ဂိမ်းတွင်ထစ်ငေ့ါခြင်းများ လျှော့ချပေးနိုင်စေပါတယ်။ EasyShare စနစ်ကလည်း တစ်ချက်နှိပ်လိုက်ရုံနဲ့ ဖိုင်များကို လွယ်ကူစွာ ပို့နိုင်ခြင်း (သို့မဟုတ်) ဖုန်းကို back up လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းကို စနစ်တကျ ထိန်းသိမ်းပေးတဲ့ iManager လည်းပါဝင်ပါတယ်။
ဈေးနှုန်းကတော့ 240000 ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/vivomobileMM