Generative AI တစ်မျိုးဖြစ်တဲ့ Firefly AI Tool ကို မိတ်ဆက်လိုက်တဲ့ Adobe

Creative Design နယ်ပယ်မှာ ကောင်းကောင်းမွန်မွန်လုပ်ကိုင်နိုင်ဖို့အတွက် Tool တွေ Software တွေပေးစွမ်းနေတဲ့ Adobe ဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Firefly လို့ခေါ်တဲ့ AI Tool တစ်ခုကို အသုံးပြုသူတွေထံ မိတ်ဆက် လိုက်ပြီ ဖြစ်ပါတယ်။

Firefly အသုံးပြုပြီး ဖန်တီးထားတဲ့ ပုံရိပ်တွေကို Adobe Summit 2023 ပွဲကြီးမှာ စတင်ချပြခဲ့ပြီး Firefly ကိုစတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ Firefly ရဲ့လုပ်ဆောင်ချက်ဟာ အခြား Image Generating AI တွေလိုပဲ Text Command ပေးပြီး Image တွေကို ပြုပြင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Content အမျိုးမျိုးကို ဖန်တီးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် ပထမဆုံး Firefly Model မှာတော့ ပုံရိပ်တွေဖန်တီးခြင်းနဲ့ စာလုံး Effect တွေကို အဓိက ထားပြီး ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပုံတစ်ပုံမှာပါဝင်တဲ့ မီးပြတိုက် ဒါမှမဟုတ် အရာဝတ္ထု တစ်ခုခုကို Highlight ပြုလုပ်ပြီး Adobe Firefly ကတစ်ဆင့် မီးပြတိုက်ပုံစံဒီဇိုင်းမျိုးစုံကို ဖန်တီးဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

Image: Adobe

Adobe ကမိတ်ဆက်လိုက်တဲ့ Firefly ဟာ ပထမခြေလှမ်းတစ်ခုဖြစ်ပြီး Creator တွေဖန်တီးခဲ့တဲ့ Adobe Stock ပေါ်မှာရှိတဲ့ Licensed content တွေနဲ့ public domain content တွေပေါ်အခြေခံပြီး Licensed images တွေနဲ့ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ပုံရိပ်တွေကို အသုံးပြုပြီး လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။ Creative ဖြစ်တဲ့ Photo, Art, Graphics နဲ့ Text effect တွေရရှိလာဖို့အတွက် Powerful Style Engine တွေကိုလည်း အသုံးပြု ပေးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း Adobe ဟာ AI-Generated Content တွေအတွက် human-made content တွေကတစ်ဆင့် လေ့ကျင့်ပေးခဲ့တာဖြစ်တဲ့အတွက် လေ့ကျင့်မှုထဲကို သူတို့ဖန်တီးထားတဲ့ ပုံရိပ်တွေမထည့်စေချင်တဲ့ ဖန်တီးသူတွေအနေနဲ့ “do not train” ဆိုတဲ့ tag ကိုထည့်သွင်းနိုင်တယ်လို့လည်း သိရပါတယ်။

Adobe ရဲ့ပြောကြားချက်အရလည်း Firefly ကိုအသုံးပြုပြီး ဖန်တီးခဲ့တာတွေကို Commercial Use အတွက်လည်း အသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။ Adobe အနေနဲ့လည်း Firefly လေ့ကျင့်ပြီး ဖန်တီးထွက်ရှိလာတဲ့ ပုံရိပ်တွေအပေါ် ဘယ် Adobe Stock Contributor ရဲ့ဖန်တီးမှုကို ကိုးကားယူထားတယ်ဆိုတာကို ဖော်ပြမယ့် စနစ်ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ Firefly ကို အသုံးပြုသူတွေရဲ့ workflow တွေမှာ အလွယ်တကူပေါင်းစပ်အသုံးပြုဖို့အတွက် Platform အမျိုးမျိုးမှာ အသုံးပြု နိုင်ဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Image: Adobe

Adobe ဟာ Figma ကုမ္ပဏီကို ၂၀၂၂ စက်တင်ဘာလကဝယ်ယူခဲ့ပြီး အခြား ထုတ်ကုန်ပစ္စည်းတွေနဲ့ ပေါင်းစပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Firefly ဟာလည်း ပထမဆုံး private bet‌a တစ်ခု ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကစလို့ Artificial Intelligence (AI) နည်းပညာအသုံးပြုပြီး ပုံရိပ်ဖန်တီးတာ၊ စာရေးသားတာ၊ အသံတုတွေဖန်တီးတာလိုမျိုး နည်းပညာမျိုးစုံကို ကုမ္ပဏီအသီးသီးက ဖန်တီးပြုလုပ်နေကြတဲ့အတွက် ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ဘယ်လိုကုမ္ပဏီက ဘယ်လိုအဆင့်မြင့်တဲ့ နည်းပညာမျိုးတွေကို နောက်ကျမခံဘဲ မိတ်ဆက်ပြမယ် ဆိုတာတွေ ကတော့ စိတ်ဝင်စားစရာပါပဲ။