ဈေးကွက်ရဲ့အကြီးမားဆုံး Battery အဖြစ် 5000mAh Battery ကိုတပ်ဆင်ပေးထားတဲ့ vivo Y17

၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ vivo စမတ်ဖုန်းတွေထဲမှာ ဈေးကွက်ရဲ့အကြီးမားဆုံး Battery အဖြစ် 5000mAh Battery တပ်ဆင်ပေးထားတဲ့ vivo Y17 ကလည်း အသုံးပြုသူတွေအကြိုက်တွေ့ခဲ့ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် vivo Y17 ရဲ့ လုပ်ဆောင်ချက်နဲ့ အရည်အသွေးကိုဖော်ပြပေးလိုက်ပါတယ်။
6.35 လက်မ Halo FullView™ Display ပါဝင်တဲ့ Y17 ဟာ 19.3:9 aspect ratio နဲ့ ဖြစ်ပါတယ်။ Halo ကွင်းလေးဟာ မျက်နှာပြင်ရဲ့ ထိပ်ပိုင်းမှာ နေရာယူထားပုံက ဖုန်းရဲ့အနားသတ်တွေကို ပိုမိုသပ်ရပ်ကျော့ရှင်းစေပါတယ်။ ဒါ့အပြင် screen-to-body ratio ဟာ 89 ရာခိုင်နှုန်းအထိရှိတာကြောင့် ဖုန်းရဲ့မြင်ကွင်းဟာ အကြိုက်ဆုံး ဂိမ်းတွေ၊ ဗီဒီယိုတွေထဲမှာ စီးမျောဖို့အတွက် အသင့်တော်ဆုံးလည်းဖြစ်ပါတယ်။
Vivo Y17 အသုံးပြုခြင်းဖြင့်လည်း ကမ္ဘာကြီးကို AI Triple Camera ကနေတစ်ဆင့် ကြည့်ရှုရင်း အကောင်းစား ဓာတ်ပုံ တွေကို ဖန်တီးရတာ အရင်ကထက် လွယ်ကူစေမှာလည်းဖြစ်ပါတယ်။ Y17 ရဲ့ Triple Camera အတွဲအစပ်မှာဆိုရင် 13MP Main Camera, 8MP အထူးမြင်ကွင်းကျယ် ကင်မရာ၊ 2MP Depth Camera တို့ တပ်ဆင်ပေးထားပါတယ်။ ကြီးကျယ် ခမ်းနားတဲ့ ရှုခင်းပုံတွေအပြင် Portraits ပုံ လှလှလေးတွေအထိ ရိုက်ကူးဖို့ ဒီကင်မရာသုံးလုံးက ကူညီပေးမှာဖြစ်ပါတယ်။

Photo Source https://bit.ly/3lfTft9

AI အထူးမြင်ကွင်းကျယ် ကင်မရာနဲ့ဆိုရင် မိမိရဲ့မြင်ကွင်းတွေကို 120 ဒီဂရီအထိ ချဲ့ထွင်နိုင်ပြီဖြစ်လို့ ပိုမိုကျုယ်ပြန့် တဲ့ရှုခင်းပုံတွေ၊ သူငယ်ချင်းများများ ပိုဆန့်တဲ့ပုံတွေ၊ အထင်ကြီးလောက်စရာ ဓာတ်ပုံတွေကို မှတ်တမ်းတင်နိုင်မှာလည်းဖြစ် ပါတယ်။
ကိုယ့်ကိုယ်ကို ရိုက်တဲ့ Portrait ဓာတ်ပုံတွေအတွက် Y17 မှာ ပါဝင်တဲ့ 20MP အရှေ့ကင်မရာက ပိုမိုတိကျပြတ်သားတဲ့ မျက်နှာပြင်ပုံစံတွေကို ဖမ်းယူနိုင်ပြီဖြစ်သလို ပိုမိုကြည်လင်ပြတ်သားတွေ ရလဒ်တွေကိုလည်း ဆောင်ကျဉ်းပေးဦးမှာလည်း ဖြစ်ပါတယ်။ AI Face Beauty ဟာ ဆိုရင်လည်း အလိုက်ဖက်ဆုံး မျက်နှာအသွင်အပြင်ကို ပေးစွမ်းနိုင်ဦးမှာဖြစ်လို့ ဓာတ်ပုံရိုက်ပြီးနောက် ပြန်လည်ပြုပြင်ရတဲ့ အချိန်တွေကို လျော့ပါးသက်သာသွားစေမှာဖြစ်ပါတယ်။
Y17 မှာဆိုရင် ဈေးကွက်ရဲ့အကြီးမားဆုံး Battery အဖြစ် 5000mAh Battery ကိုတပ်ဆင်ပေးထားတာဖြစ်လို့ ကြာရှည် အသုံးခံသလို၊ ဂိမ်းဆော့တာတွေ၊ ဗီဒီယိုကြည့်တာတွေဟာ ပိုပြီးပျော်စရာကောင်းလာပါပြီ။ Y17 နဲ့ဆိုရင် အရင်တုန်းက Battery အားမရှိမှာစိုးရိမ်နေရတဲ့ ပြသနာတွေကို မေ့လိုက်လို့ရမှာလည်းဖြစ်ပါတယ်။
5,000mAh Battery အပြင်ကိုမှ Y17 မှာ vivo ရဲ့ သီးသန့် အားအမြန်သွင်းစနစ် ပါဝင်လာတာဖြစ်လို့ ဖုန်းအားကို မြန်မြန် ဆန်ဆန် ပြန်ဖြည့်နိုင်ပါပြီ။ ဒါ့အပြင် လုံခြုံရေးအလွှာ ၉ လွှာနဲ့ ကာကွယ်ပေးထားလို့ အားသွင်းစဉ် လုံခြုံစိတ်ချရမှုဟာလည်း အာမခံလို့ရပါတယ်။
Y17 ဟာ octa-core processor ကိုမှ 12nm ဒီဇိုင်းနဲ့ဖြစ်ပြီး clock speed ကတော့ 2.3GHz အထိ ရှိပါတယ်။ သူ့မှာ ပါဝင်တဲ့ 4GB RAM နဲ့ 128GB ROM ဟာ app များစွာကို သွင်းထားပြီး အထစ်အငေါ့မရှိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Y17 ဟာ vivo ရဲ့ Funtouch OS 9 ကို အသုံးပြုပေးထားပြီး Android 9.0 ပေါ် အခြေခံထားပါတယ်။

Photo Source https://bit.ly/3lfTft9

Ultra Game Mode ဟာ ကျေနပ်ပျော်ရွှင်ရဆုံး ဂိမ်းသမားတစ်ဦးဖြစ်ဖို့ ဒီဇိုင်းဖန်တီးထားပါတယ်။ Competition Mode ကို အသုံးပြုပြီး ဂိမ်းလုပ်ဆောင်ချက်စနစ်တွေကို ဦးစားပေးထားမှုကြောင့် e-sports တွေကို Pro တစ်ဦးလို ဆော့ကစား နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Dual-Turbo ဆိုတာ ဂိမ်းကစားသူတွေအတွက် လျှပ်စီးလိုလျင်မြန်မှုတွေကို ပေးစွမ်းသွားဦး မှာဖြစ်ပြီး ဒီနှစ်ခုစလုံးဟာ ပေါ့ပါးသွက်လက်တဲ့ အတွေ့အကြုံနဲ့အတူ frame-drop ဖြစ်မှုကို လျှော့ချပေးမှာဖြစ်လို့ ကျေနပ်ရင် ခုန်စရာကောင်းတဲ့ Gaming အတွေ့အကြုံကိုရရှိစေမှာလည်းဖြစ်ပါတယ်။
အောက်ပါ link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။