မြန်မာလူမျိုးတွေ အသုံးများတဲ့ လူမှုကွန်ရက် အပ်ပလီကေးရှင်းများအကြောင်း

 

ယနေ့ခေတ်မှာဆိုရင် လူမှုကွန်ရက် သုံးစွဲမှုဟာ ထူးဆန်းတော့တဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ တနေ့တခြား သုံးစွဲသူ ဦးရေဟာလည်း မြင့်တက်လျှက်ရှိနေပါတယ်။ လူမှုကွန်ရက်တွေ မသုံးတတ်ရင် ခေတ်မမှီတော့တဲ့ အနေအထားမျိုး နီးပါး တောင်ရောက်ရှိနေပါပြီခင်ဗျာ။ လူမှုကွန်ရက်သုံးစွဲသူ အများစုဟာ Mobile Phone နှင့် သုံးစွဲနေတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီနေရာမှာတော့ လက်ရှိ မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ လူမှုကွန်ရက် အပ်ပလီကေးရှင်းမျာ းအကြောင်းကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Image Source: https://pixabay.com/en

Facebook

Facebook ဆိုတာကတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်တဲ့ လူမှုကွန်ရက် Application တစ်ခုပဲဖြစ်ပါတယ်။ ၄င်းကို February 2004 တွင် စတင် ဖန်းတီးခဲ့တာဖြစ်ပြီး Facebook ရဲ့ CEO ကတော့ Mark Zuckerberg ဖြစ်ပါတယ်။ သူဟာ Facebook ရဲ့ Founder ထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် Facebook ကို ဘာသာစကားအမျိုးမျိုးနှင့် အသုံးပြုနိုင်နေပြီးပဲ ဖြစ်ပါတယ်။ လစဉ် Facebook သုံးစွဲသူရေမှာ ၂ ဘီလီယံလောက်ရှိပြီး၊ နေ့စဉ်သုံးစွဲသူဦးရေကတော့ ၁ ဘီလီယံနီးပါးရှိတဲ့တယ်လို့ Facebook ကဆိုပါတယ်။

Image Source: https://www.facebook.com/

နောက်တစ်ခုက အချင်းချင်း Message ပေးလို့ရနိုင်သောကြောင့် Information ဟာ အလွယ်တကူပျံ့နှံံ့လွယ်ပြီး သတင်းစုံကို အချိန်တိုအတွင်းကြားသိနိုင်ပါတယ်။ ယနေ့ခေတ်မှာ Facebook ကို သုံးစွဲသူများခြင်း၊ အသုံးချမှုနှုန်းက ပိုပြီးထိရောက်လာခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် Information ပို့ခြင်းထက် ဆက်သွယ်ရေးကွန်ယက်ကြီး တစ်ခုအဖြစ် Facebook ကို အသုံးပြုလာကြတာပဲဖြစ်ပါတယ်။

Facebook ၏ အားသာချက်များ

၁။ အသုံးပြုရလွယ်ကူခြင်း

Facebook ဟာ အသုံးပြုရလွယ်ကူတဲ့ Application တစ်ခုဖြစ်ပါတယ်။ သူရဲ့ အပြင်အဆင် ဒီဇိုင်းဟာ အသုံးပြုသူတွေအတွက် လွယ်ကူအောင် ဖန်းတီးပေးထားတဲ့အတွက် ၁၄ နှစ်သား ကလေးတောင် Facebook ကို အလွယ်တကူသုံးစွဲနိုင်ပါတယ်။

 

၂။ သတင်းအချက်အလက် အရင်းအမြစ်တခု

လူပေါင်းများစွာဟာ Facebook ကိုချိတ်ဆက်အသုံးပြုနေသည့်အတွက် တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပျက်နေတဲ့ သတင်း အချက်အလက်တွေကိုလည်း လျှင်မြန်စွာ မျှဝေနိုင်ပြီး အချိန်နှင့် တစ်ပြေးညီလည်း သိရှိနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ ။ အချင်းချင်းလည်း မိမိနှစ်သက်ရာ၊ မိမိ၀ါသနာပါရာ အကြောင်းအရာတွေကို ၀ါသနာတူအချင်းချင်း ဆွေးနွေးတိုင်ပင်လို့ ရနိုင်တဲ့ နေရာကောင်း တခုလည်း မမှားပါဘူးခင်ဗျာ။

 

၃။ ဖျော်ဖြေရေး မီဒီယာတစ်ခု

Facebook က ဂိမ်းများကစားခြင်းကိုလည်း ခွင့်ပြုပေးထားပါတယ်။ မိမိတစ်ယောက်တည်းဖြစ်စေ၊ သူငယ်ချင်းတွေနှင့်ဖြစ်စေ ဂိမ်းများကို ချိတ်ဆက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ သီချင်းများ၊ ဗီဒီယိုများကိုလည်း ရှာဖွေနားဆင်ကြည့်ရှုနိုင်ပြီး မိမိနှစ်သက်သော အနုပညာရှင်များ၊ စာရေးဆရာများ၊ နာမည်ကြီးပုဂ္ဂိုလ်များကိုလည်း အလွယ်တကူရှာဖွေချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဟာသများကို အမြဲမပျက် တင်ပေးနေသော page များ group များရှိတဲ့အတွက် ၄င်းတို့ကို Join ထားခြင်း၊ Like နှင့် See First လုပ်ထားခြင်းတို့ ဖြင့် မိမိပင်ပန်းလာတဲ့အခါ ရယ်စရာဟာသလေးများကို ကြည့်ပြီး ခဏတာ စိတ်ပျော်ရွှင် ချမ်းမြေ့မှုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

 

၄။ စီးပွားရေး

Facebook ဟာ စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အသုံးချတတ်လျှင် အကောင်းဆုံး Marketing Tool တစ်ခုဆိုရင်လည်းမမှားပါဘူး။ Facebook ကို အသုံးချပြီး မိမိ၏လုပ်ငန်းကို ပိုမိုလူသိများအောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။

 

Facebook ၏ အားနည်းချက်များ

၁။ သတင်းတုများ

သတင်းအချက်အလက်များ လျှင်မြန်စွာ ပြန့်နှံ့လာတာနှင့်အမျှ အတုအယောင်၊ သတင်းအမှားတွေဟာလည်း ရောထွေးပြီးပါလာတတ်ပါတယ်။ သတင်းအတုများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေကြသလို၊ တစ်ဦးတစ်ယောက်ကို ထိခိုက်စေလိုသော စိတ်နှင့် ဖြန့်ဝေကြသည့်သူများလည်းရှိတတ်ပါတယ်။ မလိုမုန်းထား ၀ါဒဖြန့်သူတွေကြောင့် ပြည်တွင်း အထိကရုဏ်းတွေအထိ ပါဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အတုအယောင် သတင်းများကိုလည်း သတိထားဖို့လိုအပ်ပါတယ်။

 

၂။ အကောင့်အတုများအန္တရာယ်

သုံးစွဲသူမြင့်တက်တာနှင့်အမျှ မသာမာသူတွေဟာ ပုံစံအမျိုးမျိုးနှင့် ချည်းကပ် တိုက်ခိုက်လာကြပါတယ်။ အချို့သော မသာမာသူတွေဟာ အကောင့်တုများဖန်တီးပြီး တစ်ခြားသူများကို ထိခိုက်စေသော အရေးအသားများ၊ အပြုအမူများကို ရဲတင်းစွာပြုလုပ်လာကြပါတယ်။ တချို့ဆို ရာဇဝတ်မှုများ အထိတောင် ကျူးလွန်လာကြသဖြင့် Facebook သုံးစွဲသူများအနေနှင့် ဂရုစိုက်ပြီး သုံးစွဲသင့်ပါတယ်။

 

၃။ အချိန်ဖြုန်းတီးရာရောက်ခြင်း

ငယ်ရွယ်သူတော်တော်များများဟာ Facebook ပေါ်မှာပဲ သူတို့ရဲ့ အချိန်တွေကို ကုန်ဆုံးစေပါတယ်။ အကျိုးအမြတ်တစုံတရာမရှိပဲ အချိန်ဖြုန်းတီးနေခြင်းဟာ မိမိရဲ့ တိုးတက်မှုကိုပါ ထိစေနိုင်ပါတယ်။ “တန်ဆေး လွန်ဘေး” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သင့်တင်ရုံသာ သုံးစွဲသင့်ပါတယ်။

 

၄။ Personal တိုက်ခိုက်မှုများ

Facebook သုံးစွဲရာတွင် ဗဟုသုတနည်းပါးခြင်း၊ မိမိအကောင့်ကို လုံခြုံရေးတင်းကျပ်စွာ ပြုလုပ်မထားခြင်းတို့ကြောင့် မသာသူတို့၏ လှည့်ကွက်ကြား ၀င်ရောက်မိသဖြင့် အရှက်ကွဲ အကျိုးနည်း ကိစ္စများလည်း ဖြစ်တတ်ပါတယ်ခင်ဗျာ။“`

App Download(andriod)

Viber

Viber ဟာ mesage ပို့ခြင်းကို လျှင်မြန်စွာ ပြုလုပ်ပေးနိုင်တဲ့ Application တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ Viber ကို Viber Media က မိတ်ဆက်ပြသခဲ့ပါတယ်။ Viber Application ဟာ အသံဖိုင်များ၊ ဗီဒီယိုများနှင့် ဓါတ်ပုံများကို viber user အချင်းချင်း ပေးပို့နိုင်သော Application တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။ 2014 ခုနှစ် April မှာတော့ Viber ဟာ Register လုပ်သူ 600 မီလီယံရှိပြီး လစဉ် အသုံးပြုသူ 230 မီလီယံ နီးပါးရှိခဲ့ပါတယ်။ ယခုလက်ရှိ မှာတော့ အသုံးပြုသူပေါင်း 800 မီလီယံ ကျော် ရှိပြီဖြစ်ကြောင်း Viber ၏ official Website တွင် ဖော်ပြထားပါတယ်။ Viber Application ဟာ  iPhone, iPad, Apple Watch,  Android phones နှင့် tablets, Windows Phone 8, Windows 10, Mac, နှင့် အခြား Linux devices ပေါ်မှာလည်း Wifi သို့မဟုတ် Moblie Data မှတဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Image Source: https://www.viber.com/

Viber ၏ အားသာချက်များ

၁။ အသုံးပြုရန်အတွက် user name များ၊ password များ မလိုအပ်ပဲ အလွယ်တကူ မိမိဖုန်းနံပါတ်ဖြင့် အကောင့်ဖွင့်ပြီး သုံးစွဲနိုင်ခြင်း

၂။ အခြားသော Viber အသုံးပြုသူများသို့ ဖုန်းခေါ်ဆိုခြင်း၊ Video Call ခေါ်ဆိုခြင်း၊ Text message များကို အကန့်အသတ်မရှိ ခေါ်ဆို ပေးပို့နိုင်ခြင်းနှင့် အုပ်စုဖွဲ့၍လည်း message များပေးပို့နိုင်ခြင်း

၃။ ကြိုးဖုန်းနှင့် မိုဘိုင်းလ်ဖုန်းများကိုလည်း Viber Out မှတဆင့် စျေးနှုန်းချိုသာစွာ ခေါ်ဆိုနိုင်ခြင်း

၄။ မိမိနှစ်သက်သော Public Account များကို follow လုပ်ထားခြင်းဖြင့် ၄င်းတို့၏ သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း

Viber ၏ အားနည်းချက်များ

၁။ Viber အသုံးပြုသူအချင်းချင်းသာ message ပို့နိုင်ခြင်း

၂။ Skype၊ WhatsApp များနှင့် နှိုင်းယှဉ်လျှင် မြန်နှုန်းနှေးကွေးခြင်း

၃။ Private communication အတွက် လုံခြုံမှုအားနည်းခြင်း

App Download(andriod)

BeeTalk

BeeTalk မိုဘိုင်း application သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ နိုင်ငံ၌ စတင်ခဲ့ပြီး မြန်မာဘာသာဖြင့် အပြည့်အဝ အသုံးပြုနိုင်သော ပထမဦး ဆုံး chatting app တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။ BeeTalk သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း မိခင်ဘာသာစကားဖြင့် အလွယ် တကူ အသုံးပြုနိုင်သော chatting app တစ်ခုအဖြစ် လူသိများပြီး အသုံးပြု သူ သန်းပေါင်းများစွာဖြင့် ရပ်တည်လျက်ရှိပါသည်ခင်ဗျာ။ BeeTalk application ကို Official Website ဖြစ်သည့် www.beetalk.com.mm တွင်ဝင်ရောက်၍ ဒေါင်းလုပ်ဆွဲရယူနိုင်သလို Google Play Store တွင်ရယူနိုင်ပါသည်ခင်ဗျာ။

Image Source: https://play.google.com/store/apps

BeeTalk ၏ အားသာချက်

၁။ App အသုံးပြုသူ အချင်းချင်း အသင်းများ တည်ထောင်ခြင်း၊ သူငယ်ချင်းအသစ်များကို ရှာဖွေကာ မိတ်ဖွဲ့ခြင်း၊ ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက်လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ကွယ် သွားနိုင်သည့် လျှို့ဝှက်စာများကို ပေးပို့နိုင်ခြင်း၊

၂။ အကန့်အသတ် မရှိသော စကားပြောခြင်း၊ စာများနှင့် အသံမှတ်တမ်းများပေးပို့ခြင်း၊  ပုံများရေးဆွဲပေးပို့ခြင်း၊

၃။ ချစ်စဖွယ် Sticker များပေးပို့ခြင်းနှင့် အဖွဲ့လိုက်၊ အသင်းလိုက် ဆန္ဒထုတ်ဖော်ခြင်းများကိုပါ ပြုလုပ်နိုင်ခြင်း

၄။ မိမိ အနီးနားရှိ သူငယ်ချင်းများနှင့် အတူ အသုံးပြုနိုင်မည့် အပြင်အခြား မိမိနှင့် မသိသူများဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ခြင်း

BeeTalk ၏ အားနည်းချက်များ

၁။ သုံးစွဲသူ များပြားလာတာနှင့်အညီ မသာမာသူများ၊ မဟုတ်မမှန်လုပ်သူများ ပေါများလာခြင်းကြောင့် အခြားသော အသုံးပြုသူများကို အနှောက်အယှက်ဖြစ်စေခြင်း

၂။ အကောင့်အတုများ လုပ်ကာ များသောအားဖြင့် အခြားသူများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံနေခြင်း၊ အိန္ဒြေပျက်ပြားစေသော စကားများပြောဆိုတတ်ခြင်းကို တွေ့ရှိပါတယ်ခင်ဗျာ။

သူငယ်ချင်းအသစ်များနှင့် တွေ့ဆုံပါ။

Best chatting app with lots of fun features: Look Around, Flip, Whisper, Shake, Doodle, Stickers, Free Call, Voice chat, Group Chat, Group Vote

beetalk.com.mm

App Download(andriod)

Zalo

Zalo application အသုံုးပြုသူများအနေဖြင့် သူငယ်ချင်းများ၊ မိသားစုုများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ လုုပ်ဖေါ်ကိုုင်ဖက်များနှင့် ဆက်သွယ်ရာတွင် မြန်ဆန်တည်ငြိမ်သော အဆက်အသွယ်များ ရရှိစေရေးဆိုုသည့် ရှင်းလင်းသော နည်းပညာပိုုင်းဆိုုင်ရာ ရည်မှန်းချက်ကိုုထားရှိပါသည်။

Image Source: https://play.google.com/store/apps

Zalo သည် စကားပြောခြင်း၊ စာပိုု့ခြင်းတို့အတွက် အမြန်ဆုံးနှင့် အင်တာနက်လိုင်းအတက်အကျတည်ငြိမ်သော Application ဖြစ်သောကြောင့် အသုံုးပြုသူများအနေဖြင့် အသံစတစ်ကာများကို အခက်အခဲမရှိ ကြည်လင်ပြတ်သားစွာ အသုံုးပြုနိုိင်မည် ဖြစ်ပါသည်။

အခြားသော အက်ပလီကေးရှင်းများနှင့် နှိုင်းယှဉ်ပါက Zalo သည် မြန်မာနုုိင်ငံရှိ သန်းပေါင်းများစွာ သော အသုံုးပြုသူများအတွက်လည်း ပိုုမိုကောင်းမွန်မြန်ဆန်သည့် ဝန်ဆောင်မှုကိုု ပေးစွမ်းနုုိင်ခဲ့ပါသည်။ ထိုု့အပြင် Zalo သည် မြန်မာနုုိင်ငံရှိ သုံးစွဲသူများအတွက် မြန်မာစာ အသုံုးပြုနုုိင်အောင် Zalo Myanmar ကိုလည်း သီးသန့် ဖန်တီးပေးထားပြီး၊ မြန်မာလူမျိုး အချင်းချင်း ဆက်သွယ်ရာတွင် ပိုုမိုုချောမွေ့မြန်ဆန်ပြီး ဖုုန်းပြောဆိုုရာတွင် ပိုုမိုုကြည်လင်ကောင်းမွန်ရန်နှင့် လုံခြံုစိတ်ချမှု ရှိစေရန် ဆောက်ရွက်ခဲ့ပါသည်။

အခမဲ့အသုံုးပြုနုုိင်သော Zalo အပလီကေးရှင်းကိုု APK file အနေဖြင့် ( www.zalo.com.mm ) တွင် ရရှိနုုိင်ပြီး၊ Google Play နှင့် Apple Store တိုု့တွင်လည်း Download ရယူ အသုံုးပြုနုုိင်ပါသည်။ iOS၊ Andriod၊ Windows ဖုုန်းများ နှင့် Nokia Java တိုု့တွင် Zalo ကိုအခမဲ့ရရှိနိုင်ပါသည်။ Zalo ကို 2G, 2.5G, 3G, 4G နှင့် wifi အစရှိသော ကွန်ယက်များတွင် အသုံုးပြုနိုင်ြ ပီး အခမဲ့ စာတိုုများ၊ ဖုုန်းခေါ်ဆိုုမှုများကိုု ပြုလုုပ်နုုိင်သည့် integrated social network function ဖြစ်သောကြောင့် အသုံုးပြုသူများအတွက် ကောင်းမွန်သော ဆက်သွယ်ရေးကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။

Zalo ၏ အားသာချက်

၁။ ဖိုင်ဆိုဒ် သေးသေးဖြင့်အသုံးပြုနိုင်ခြင်း

၂။ ရိုးရှင်း လွယ်ကူသော User Interface ရှိခြင်း

၃။ သူငယ်ချင်းများအား စာများကို အချိန်တိုအတွင်း ပေးပို့နိုင်ခြင်း၊ အုပ်စုဖွဲ့၍ ပြောနိုင်သော Feature ရှိခြင်း

၄။ ချစ်စရာကောင်းပြီး သူများနှင့်မတူသော Sticker များကို support ပေးခြင်း

၅။ Voice Call များကို High quality ဖြင့်ခေါ်ဆိုနိုင်ခြင်း

၆။ ကြည်လင်ပြတ်သားသော Voice message များကိုလည်း ပြင်ပဆူညံသံမပါ၀င်ပဲ လွယ်ကူစွာပေးပို့နိုင်ခြင်း

၇။ မိမိ contact မှတဆင့် အနီးနားမှာရှိတဲ့သူငယ်ချင်းများကို အလွယ်တကူရှာဖွေနိုင်ခြင်း

၈။ လုံခြံုရေးအားကောင်းခြင်း နှင့် အင်တာနက်အသုံးပြုခ သက်သာခြင်း တို့ပဲဖြစ်ပါတယ်ခင်ဗျာ။

Zalo ၏ အားနည်းချက်များ

၁။ Social media application ဆိုသော်လည်း အချင်းချင်းဆက်သွယ်ရန် Zalo phone number သိရှိရန်လိုအပ်သောကြောင့် စတင်အသုံးပြုသူများအနေဖြင့် သူငယ်ချင်းများနှင့် စကားပြောရန် အခက်အခဲ နည်းနည်းရှိခြင်း

App Download(andriod)

စာ​ရေးသူ၏ထင်​မြင်​ချက်

အထက်ဖေါ်ပြပါ Application တွေဟာ လက်ရှိမြန်မာနိုင်ငံမှာ ရေပန်းစားပြီး အသုံးများတဲ့ Application တွေပဲဖြစ်ပါတယ်။ Facebook Applicaiton ဟာ ပိုပြီးတော့နာမည်ကြီးပါတယ်။ နာမည်ကြီးရတဲ့ အကြောင်းအရင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရတာ အရမ်းလွယ်ကူပြီး များစွာသော အချက်အလတ်များ တည်ရှိသောကြောင့်ပဲဖြစ်ပါတယ်။ Beetalk ကတော့ စပေါ်ပေါ်ချင်းမှာ မြန်မာလို ပထမဆုံး သုံးစွဲလို့ရနိုင်တဲ့ Application ဖြစ်သောကြောင့် ရုတ်တရက် နာမည်ရခဲ့ပြီး Beetalk ကိုများသောအားဖြင့် လူငယ်ရေးရာ ကိစ္စတွေမှာ အသုံးများသောကြောင့် အချို့သော သုံးစွဲသူများက အကြိုက်နည်းပါတယ်။ Viber ဟာ ရိုးရှင်းပြီး အချင်းချင်း messageပို့ခြင်း၊  ဓာတ်​ပုံပို့ခြင်းနှင့် အသံဖိုင်​များပို့ရာတွင်​ ​ပေါ့ပါးလွယ်​ကူတဲ့အတွက်​​ကြောင့် လူကြိုက်​ပြီး အသုံးများလာခဲ့ပါတယ်​။ Zalo က​တော့ လှပရိုးရှင်းသော ဒီဇိုင်းနဲ့အတူ မိမိနှင့် အကြိုက်​ချင်းတူ​သော၊ ဝါသနာချင်းတူ​သော သူငယ်​ချင်းများကို ရှာ​ဖွေဆက်​သွယ်​လို့ရတာ​​ကြောင့် နာမည်​ကြီးလာခဲ့ပါတယ်​။ Zalo ဟာလည်း Facebookကဲ့သို status များတင်​ခြင်း၊ photo များ share နိုင်​ခြင်​းတို့​ကြောင့် ပြည့်စုံ​သော Application တစ်​ခုဆိုလည်း မမှားပါဘူးခင်​ဗျာ။

Facebook application ကို အချက်​အလတ်​များရယူခြင်း၊ မျှ​ဝေခြင်း စ​သော​နေရာများတွင်​ အသုံးဝင်​ပြီး Beetalk က​တော့ အပျင်းပြေ စကား​ပြောချင်​သူများအတွက်​သင့်​လျော်​ပါတယ်​။ Viber က​တော့လျှင်​မြန်​လွယ်​ကူစွာ message ​ပေးပို့ခြင်း၊ ဓာတ်​ပုံများ​ပေးပို့ခြင်းတို့တွင်​ အရမ်းအသုံးဝင်​ပြီး Zalo က​တော့ မိမိနှင့် ဝါသနာတူ အကြိုက်​တူများနှင့် စကား​ပြော ​ဆွေး​နွေးသည့် ​နေရာများအတွက်​ အထူးသင့်​လျော်​လှပါသည်​။ ​နောက်​ထပ်​ အ​ကြောင်းအရာများလည်း သင့်​လျော်​သလို​ဖော်​ပြ​ပေးသွားပါမည်​ခင်​ဗျာ။

Guest writer: Myat Min Lu