MPT ၏ ရွှေအိပ်မက် အစီအစဉ်မှ ကံထူးရှင်များအား လက်ဆောင်များ လွှဲပြောင်းပေးအပ်

MPT ၏ ရွှေအိပ်မက် အစီအစဉ်မှ ကံထူးရှင်များအား ကံထူးလက်ဆောင်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အသီးသီးတို့တွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရ သည်။
MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ရှိခဲ့သည်။

Photo Source https://www.mpt.com.mm/en/dream-come-true/

MPT သည် အဆိုပါအစီအစဉ်မှတစ်ဆင့် ကံထူးရှင် ၇ ဉီးအား အိပ်မက်အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် MPT ၏ Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။
ယခုအခါတွင် ကံထူးရှင် (၄)ဦးအနေဖြင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး MPT သည် ကျန်ရှိနေသော ကံထူးရှင် (၃)ဦးအား ၎င်းတို့၏ကံထူးလက်ဆောင်များ အမြန်ဆုံးလွှဲပြောင်းပေးအပ်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရွှေအိပ်မက် အစီအစဉ်မှ ကံထူးရှင်များ၏ အသေးစိတ်အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်သည်။