လုပ်ငန်းခွင်အတွင်းအားလုံးပူးပေါင်းပါဝင်နိုင်မှု နှင့် လုပ်ကိုင်နိုင်စွမ်းအားမြင့်တင်နိုင်မှု ကိုအားပေးသည့် “Workplace TransformX Myanmar” ပွဲကို ရိုးမဘဏ် ၊ တယ်လီနော (မြန်မာ) ၊ အူရီဒူး (မြန်မာ) တို့ ဦးဆောင် ကျင်းပ
“Workplace ဟာ ရိုးမဘဏ်ရဲ့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်တဲ့နေရာမှာအဓိကကျတဲ့အဖွဲ့အစည်း အတွင်းဆက်သွယ်ဆောင်ရွက်တဲ့ Communication Tool တစ်ခု ဖြစ်ပါတယ်။ ဒီ Workplace နဲ့ WorkChat ကိုအသုံးပြုပြီးဘဏ်မှာရှိတဲ့ ဝန်ထမ်းအားလုံးကတစ်ဦးနဲ့ တစ်ဦးအပြန်အလှန် အကျိုးတူ နှီးနှောဖလှယ်နိုင်သလိုအုပ်စုတွေဖွဲ့ပြီးညှိနှိုင်းဆောင်ရွက်နိုင်တာကြောင့်အဖွဲ့အစည်းအတွင်းဆက်သွယ်မှု စနစ်ကြီးဟာဘဏ်အတွက် အကျိုးကျေးဇူးများစွာရရှိစေခဲ့ပါတယ်။ ဒါ့အပြင် ဘဏ်မှာရှိတဲ့ဝန်ထမ်းအားလုံးကိုရှေ့ပြေးလုပ်ဆောင်မှုတွေလုပ်ငန်းဆိုင်ရာပြောင်းလဲမှုတွေကိုပွင့်လင်းမြင်သာစွာသိရှိနိုင်အောင်လည်းဒီ Platform က လုပ်ဆောင်ပေးပါတယ်” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Hal Bosher က ပြောသည်။
အူရီဒူးမြန်မာမှ Workplace ဒီဂျစ်တယ်ပလက်ဖောင်းကို၂ဝ၁၇ခုနှစ်၊ဒီဇင်ဘာလတွင်အူရီဒူးဝန်ထမ်းများအကြားအချိန်နှင့်တပြေးညီတိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၄င်းသည်ဝန်ထမ်းအချင်းချင်းထိတွေ့ဆက်ဆံခြင်း၊သတင်းအချက်အလက်မျှဝေခြင်း၊ဆက်သွယ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လုပ်ငန်းစဉ်တွင်ကျယ်ခြင်းတို့ကိုပိုမိုခိုင်မာစေသည့်အဓိကကဏ္ဍတစ်ခုဖြစ်လာပါသည်။လက်ရှိစာရင်းအရဝန်ထမ်းပေါင်း၉၁၉ဦးတို့မှအသုံးပြုနေပြီး၄င်းသည်အူရီဒူးမြန်မာ၏အောင်မြင်မှုနှုန်းထား၉၉ % ရှိနေပါသည်။
အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က “ဆက်သွယ်ခြင်းဆိုတဲ့ အကြောင်းအရာဟာအူရီဒူးရဲ့ အဓိကတန်ဖိုးထားတဲ့အရာတွေထဲမှာတစ်ခုပါ၀င်သလို ပြည်သူများရဲ့ ဘဝကိုဒီဂျစ်တယ်လူနေမှုဘဝနဲ့ တောက်ပကောင်းမွန်အောင်ပြုလုပ်ပေးမယ် ဆိုပြီးအူရီဒူးကနေရည်မှန်းချက်အဖြစ် ထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက် နဲ့ အညီFacebook က နေဝန်ဆောင်မှုပေးထားတဲ့ Workplace ကိုအူရီဒူးအနေနဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှစတင်မိတ်ဆက်ခဲ့တဲ့အခါ မိတ်ဆက်ပြီးပြီးခြင်းသုံးရက်အတွင်းမှာဝန်ထမ်းပေါင်းသုံးပုံ၂ပုံကျော်ဟာစတင်ပြီးအသုံးပြုခဲ့သလိုအခုအချိန်အထိအုပ်စုပေါင်း(၁၀၃) အုပ်စုကိုလဲဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ Workplace ဟာဆိုရင် Facebook ကိုအသုံးပြုတာရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့အတွက် လွယ်ကူစွာသုံးလို့ရတဲ့ပြင် ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေအချင်းချင်းထိတွေ့ဆက်ဆံမှု၊ သတင်းအချက်အလက် မျှဝေမှု၊ ဆက်သွယ်ချိတ်ဆက်ပေးမှုတွေအပြင် တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ပြောဆိုတာကိုလည်းတိုးတက်ကောင်းမွန်စေသလိုပူးပေါင်းဆောင်ရွက်မှုကိုလဲ ဖြစ်ပေါ် စေပါတယ်။တကယ်ကိုကောင်းမွန်တဲ့စနစ် ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာအခုဆိုရင် အလုပ်လုပ်တဲ့အခါ ပိုမိုမြန်ဆန်စွာနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သောတယ်လီနောမြန်မာတွင်လည်း၂၀၁၆ခုနှစ်မှ စတင်ကာ Workplace ကိုမိတ်ဆက်ခဲ့ရာယခုအခါ မြန်မာနိုင်ငံမှ ၀န်ထမ်း ၈၀၀ ကျော် အပါအဝင် စုစုပေါင်းဝန်ထမ်း၂၅,၀၀၀မှာအဖွဲ့အစည်းအတွင်းသတင်းအချက်အလက်များ၊ လှုပ်ရှားမှုများ၊ ကမ္ဘာတဝန်းဝန်ထမ်းများအားလုံးအတွက် Live ပြသမှုများ၊ သက်ဆိုင်ရာဌာနအလိုက် ဆက်သွယ် ပြန်ကြားမှုများ၊ အသိပညာမျှဝေမှုများ၊ ပရောဂျက်များ၊ ဆွေးနွေးပွဲများစသည်တို့ကိုဝေမျှရာ platform တစ်ခုအနေဖြင့် နေ့စဉ်အသုံးပြုနေပြီဖြစ်သည်။
“တယ်လီနောရဲ့ရည်မှန်းချက်ကလူတွေကိုသူတို့ဘဝအတွက် အရေးပါတဲ့အရာတွေနဲ့ ချိတ်ဆက် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာလည်းတယ်လီနောသုံးစွဲသူတွေကိုသာမက ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို ပါ ဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြုပြီးဆက်သွယ်ပြန်ကြားတာနဲ့ စွမ်းရည်မြှင့်တင် ပေးတာတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ဒီအတွက် အဖွဲ့အစည်းအတွင်းချိတ်ဆက်မှုကိုပိုကောင်းလာစေဖို့ platform အမျိုးမျိုးအသုံးပြုနေတဲ့နေရာမှာ Workplace က တယ်လီနောလုပ်ငန်းစုတစ်ခုလုံးအတွင်းကဝန်ထမ်းတွေအကြားချိတ်ဆက်နိုင်ဖို့ အတော်လေးအသုံးဝင်တာကိုတွေ့ရပါတယ်။ ဒီလိုစွမ်းရည်မြင့် tool တစ်ခုကိုသုံးပြီးအီးမေးလ် လွန်ကဲစွာအသုံးပြုမှုကိုလျော့ချ နိုင်ခဲ့သလိုအဖွဲ့အစည်းအတွင်းပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုတိုးမြှင့်နိုင်ခဲ့ပြီးကုမ္ပဏီတစ်ခုလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုပိုမိုသွက်လက်မြန်ဆန်စေနိုင်ခဲ့ပါတယ်” ဟုတယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။
ရိုးမဘဏ်အကြောင်း
၁၉၉၃ခုနှစ်ကစတင်တည်ထောင်ခဲ့သည့်ရိုးမဘဏ်သည်မြန်မာနိုင်ငံတွင်အတိုးတက်ဆုံးသောပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။နှစ်အနည်းငယ်ကြာပြီးနောက်မှာပင်ရိုးမဘဏ်သည်လူ့စွမ်းအားအရင်းအမြစ်၊နည်းပညာ၊ကော်ပိုရိတ်အုပ်ချုပ်ရေးစသည့်အဓိကကျသည့်အခန်းကဏ္ဍများတွင်မဟာဗျူဟာကျသောရင်းနှီးမြှုပ်နှံမှုများကိုသိသာစွာလုပ်ကိုင်ခဲ့သည်။လက်ရှိတွင်ရိုးမဘဏ်သည်တန်ဖိုးအားဖြင့်မြန်မာနိုင်ငံ၏အကြီးဆုံးဘဏ်များစာရင်းတွင်နံပါတ် (၅) နေရာ၌ရပ်တည်နေပြီးဝန်ထမ်းပေါင်း၃,၀၀၀ကျော်ရှိကာနိုင်ငံတစ်ဝန်းတွင်ဘဏ်ခွဲပေါင်းရ၈ဘဏ်ကိုဖွင့်လှစ်ထားသည်။၂၀၁၄ခုနှစ်တွင်ရိုးမဘဏ်သည်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းဖြစ်သော International Finance Corporation (IFC) မှပထမဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံသောဘဏ်တစ်ခုဖြစ်လာပြီး Credit Risk Management ၊ Finance ၊ Treasury ၊ Product Development တို့ကိုအဆင့်မြှင့်တင်ရန်၊ New Core Banking System ကိုအသုံးပြုနိုင်ရန် IFC ၏သုံးနှစ်တာကာလအတွက်အကြံပေးမှုများပြုလုပ်သည့်အကူအညီကိုရရှိခဲ့သည်။
ထို့ပြင်ဂျာမနီနိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီတစ်ခုဖြစ်သောGIZမှလည်းနည်းပညာအထောက်အကူများရရှိခဲ့ပြီးအသေးစားအလတ်စားလုပ်ငန်းများသို့ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍တိုးတက်မှုများရရှိခဲ့ကာလုပ်ငန်းများချဲ့ထွင်ဆောင်ရွက်နိုင်ခဲ့သည်။၂၀၁၅ခုနှစ်တွင်ဆက်သွယ်ရေးကုမ္ပဏီတယ်လီနောနှင့်ပူးပေါင်း၍မြန်မာနိုင်ငံ တစ်ဝန်းသို့ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်သည့် Wave Money ကိုပူးတွဲ တည်ထောင်ခဲ့သည်။ရိုးမဘဏ်သည်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် LIFTနှင့်လက်တွဲ၍မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးတွင်အဓိကကျသောအခန်းကဏ္ဍတစ်ခုဖြစ်သည့်လယ်ယာစီးပွားကဏ္ဍအတွက်လည်းတိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ယင်းလယ်ယာစီးပွား ကဏ္ဍအတွက်နယ်သာလန်နိုင်ငံမှRaboBankကလည်းနည်းပညာအထောက်အပံ့များကူညီလျက်ရှိသည်။ရိုးမဘဏ်သည်မြန်မာနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးမှုအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
တယ်လီနောမြန်မာအကြောင်း
တယ်လီနောမြန်မာသည်မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား၂၀၁၄ခုနှစ်၊စက်တင်ဘာလမှစတင်ပေးအပ်လျက်ရှိသည်။နိုင်ငံတဝန်းဆက်သွယ်ရေးတာဝါတိုင် ပေါင်း၈,၃၀၀ကျော်ဖြင့်ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း၁၈သန်းကျော်ထံသို့၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့်ဝန်ဆောင်မှုများပေးအပ်နေခြင်းဖြစ်သည်။တယ်လီနောမြန်မာ၏မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီးစကင်ဒီနေးဗီးယန်းဒေသနှင့်အာရှတိုက်တဝန်းတွင်အသုံးပြုသူပေါင်း၁၇၆သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန်ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဦးတည်ဆောင်ရွက်နေသည့်လုပ်ငန်းစုတစ်ခုဖြစ်သည်။
အူရီဒူးမြန်မာအကြောင်း
အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်၂၀၁၃ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့ပါသည်။အူရီဒူးမြန်မာသည် “ပြည်သူများ၏လူမှုဘဝကိုဒီဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့်ရည်မှန်းချက်နှင့်အတူမြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာ၌ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်ယခုအခါတွင်တစ်ဦးချင်းအသုံးပြူသူများသာမကစီးပွားရေးလုပ်ငန်းများ၊အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်း များအတွက်လုပ်ငန်းများတိုးတက်ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်ဝန်ဆောင်မှုများစွာပေးအပ်လျှက်ရှိပါသည်။အဆိုပါ၀န်ဆောင်မှုများသည်လူမှုဘဝဖွံ့ဖြိုးရေးနှင့်လုပ်ပိုင်ခွင့်အခွင့်အလန်းများရရှိရေးတို့ကိုဦးတည်၍ဝန်ဆောင်မှုပေးထားသဖြင့်ပြည်သူများအားလုပ်ကိုင်စွမ်းအားများကိုမြှင့်တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကိုပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။အူရီဒူးမြန်မာသည်၎င်း၏ထုတ်ကုန်များ၊၀န်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ဘဝကိုတောက်ပကောင်းမွန်စေရန်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။