Gmail Inbox မှာ Google ရဲ့ AI Chatbot ကို Android မှာ စတင်အသုံးပြုနိုင်ပြီ

Google အနေနဲ့ Gmail Inbox မှာ သူ့ရဲ့ Gemini AI Chatbot ကို Website Version မှာ စတင်အသုံးပြုခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာလည်း အခုအချိန်မှာ Gmail Q&A လုပ်ဆောင်ချက်အဖြစ်နဲ့ Android Version ကို စတင်ရောက်ရှိလာပြီဖြစ်ပါတယ်။ Android Version ရဲ့ Gmail Inbox မှာ Gemini AI Chatbot ကိုအသုံးပြုခွင့်ပေးတော့မှာဆိုပေမယ့် iOS အသုံးပြုသူတွေအတွက်တော့ အချိန်တစ်ခုစောင့်ရဦးမယ်လို့ Google ဘက်ကပြောထားပါသေးတယ်။

Image: Google

Gmail Q&A လုပ်ဆောင်ချက်မှာ အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ Mail Inbox အကြောင်းမေးခွန်းတွေ မေးမြန်းနိုင်မယ့်အပြင် မေးလ်တစ်ခုစီရဲ့  To Do List လိုမျိုးအသေးစိတ်အချက်အလက်တွေကို ရှာခိုင်းတာ၊ ပေးပို့သူရဲ့နာမည်ကိုရှာပြီး ကိုယ်မဖတ်ရသေးတဲ့ မေးလ်၊ ဖတ်ခဲ့တဲ့မေးလ်တွေကို ရှာခိုင်းနိုင်မှာ ဖြစ်သလို Inbox ထဲက Topic တစ်ခုအကြောင်းမေးလ်တွေကိုလည်း Summarize လုပ်ခိုင်းနိုင်မယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ဟာ ကိုယ့်မေးလ်ထဲမှာရှိတဲ့ မမှတ်မိတဲ့အကြောင်းအရာတွေကိုလည်း ရှာဖွေရတာ အချိန်ကုန်သက်သာပြီး အဆင်ပြေစေမယ့်အတွက် အသုံးပြုသူတွေအတွက် တော်တော်လေးအသုံးဝင်မယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုတိုင်းအတွက်တော့ မဟုတ်ပါဘူး။ Gmail Q&A ကိုအသုံးပြုဖို့အတွက် အသုံးပြုသူတွေအတွက် Google One AI Premium ဒါမှမဟုတ် Google Workspace Plan ရဲ့ Gemini Business, Enterprise, Education ဒါမှမဟုတ် Education Premium Add-ons တစ်ခုခုကို Subscribe ပြုလုပ်ဖို့တော့ လိုအပ်မယ်လို့ သိရပါတယ်။