ကုန်ကျစရိတ်အခမဲ့ YIGF-2017 အတွက် ဘွဲ့ကြို/လွန်ကျောင်းသား/သူများ မေ ၂၁ အမီ လျှောက်ထားရမည်

Image Source : https://aprigf2017.files.wordpress.com

အာရှပစိဖိတ်ဒေသတွင်းနိုင်ငံများမှ လူငယ်များအတွက် ရည်ရွယ်ပြုလုပ်တဲ့ Youth Internet Governance Forum 2017-Bangkok ကို ဇူလိုင်(၂၆) ရက်ကနေ (၂၉) ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Chulalongkon တက္ကသိုလ် ကျင်းပသွားမှာဖြစ်ပါတယ်။

Youth Internet Governance Forum ဆိုတာကတော့ Asia Pacific Regional Internet Governance Forum (APrIGF) ကနေပြီး လူငယ်တွေအတွက် သီးသန့်စီစဉ်ပြုလုပ်ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကစတင်ပြီး နှစ်စဉ်နှစ်တိုင်း အလှည့်ကျနိုင်ငံတွေမှာ ပြုလုပ်ပေးလာတာပါ။ ဒီ Forum ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူငယ်တွေအတွက် အင်တာနက်ဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာတွေမှာ အသိပညာရရှိရေးနှင့် ပူးပေါင်းပါ၀င် လုပ်ဆောင်နိုင်ရေးတွေအတွက် သင်ကြားပို့ချမှုတွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ပေးရေးပဲဖြစ်ပါတယ်။

ပါ၀င်တက်ရောက်လိုတဲ့ ကျောင်းသား/သူတွေအနေနဲ့ကတော့ အဂ်လိပ်ဘာသာစကားကို အသင့်အတင့်ပြောဆိုနိုင်ရပါမယ်။ လျှောက်ထားရာမှာလည်း ဒီကဏ္ဍနဲ့သက်ဆိုင်တဲ့ မေးအခွန်းအချို့ဖြေဆိုပေးရပါမယ်။ မေလ(၂၁)ရက် နောက်ဆုံးထားလျှောက်ရမှာဖြစ်ပြီး ရွေးချယ်ခံရမှုရလဒ်တွေကိုတော့ ဇွန်လပထမပတ်မှာ ကြေညာပေးသွားမှာပါ။ Forum တက်ရောက်ခွင့် ရွေးချယ်ခံရတဲ့အတွက် ခရီးစရိတ်နှင့် နေစားစရိတ်တွေအားလုံး အခမဲ့ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ  ယခုပေးထားတဲ့လင့်ခ် (YIGF-2017) ထဲသို၀င်ရောက်လျှောက်ထားနိုင်ပါတယ်။