နေ့စဉ်သတင်းအမှန်များကိုဖတ်ရှုနိုင်မည့် 7Day News Digital စာရင်းသွင်းဝန်ဆောင်မှုအသစ်စတင်မိတ်ဆက်
MPT နှင့်သတင်းမီဒီယာထုတ်ဝေရေးကုမ္ပဏီတစ်ခုဖြစ်သည့် information Matix Co.,Ltd တို့ပူးပေါင်းကာ ဒစ်ဂျစ်တယ်စာ ရင်းသွင်းဝန်ဆောင်မှုမှတဆင့် MPT သုံးစွဲသူများအတွက် အကောင်းဆုံးသတင်းဖန်းတီးရေးသားမှုအတတ်ပညာဖြင့် သတင်း အချက်အလက်များကို ပြည်သူများကို ပေးအပ်နိုင်ရန် 7 Day News Digital စာရင်းသွင်းဝန်ဆောင်မှုအသစ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွေ စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
7 Day News Digital ဝန်ဆောင်မှုသည် စာရင်းသွင်းခြင်းဝန်ဆောင်မှုကို အခြေခံကာ ဆန်းသစ်တီထွင်ထားသည့် ပလက် ဖောင်းတစ်ခုဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် သတင်းများကို အဆင်ပြေလွယ်ကူစွာ ရယူနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုကို စာရင်းသွင်းရယူပြီးနောက် MPT သုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို ဈေးနှုန်းသက်သာစွာဖြင့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်ပတ်လျှင် ၅၉၉ ကျပ်ဖြင့် သတ်မှတ်ထသားသော ဝက်ဘ်ဆိုက်(သို့မဟုတ်) မိုဘိုင်းလ်အက်ပလီကေးရှင်းတွင် ရယူ နိုင်မည်ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူများသည် 7 Day News တိုက်ရိုက်သတင်းထုတ်လွှင့်မှုများနှင့်ဒီဂျစ်တယ်အသံဖိုင် များကို ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် အီမေးလ်နှင့် SMS မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းများပေးပို့သည့် ဝန် ဆောင်မှုကိုလည်း ရရှိမည်ဖြစ်သည်။
Photo Source By Myanmar Tech Press
“MPT အနေနဲ့ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေရှိမယ့် အရည်အသွေးမြင့်ဝန်ဆောင်မှုတွေကို အမျိုးမျိုး ပေးအပ်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ ဒီဂျစ်တယ်လူနေမှုဘဝကို ထောက်ပံ့ပေးနိုင်ဖို့နဲ့ ကြွယ်ဝပြည့်စုံစေဖို့ ဂတိကဝတ် ပြုထားပါတယ်။ သတင်းတွေဟာ ဒီဂျစ်တယ်ကမ္ဘာကြီးထဲက လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် အရမ်းအရေးကြီးပါ တယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမီဒီယာတစ်ခုကနေ လွယ်ကူအဆင်ပြေတဲ့ နည်းလမ်းနဲ့ဆောင်ရွက်ထားတဲ့ ဒီဝန်ဆောင်မှုက နေတစ်ဆင့် ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်စေပြီး 7 Day News Digital စာရင်းသွင်းဝန်ဆောင်မှုက နေ သူတို့လိုချင်တဲ့သတင်းအချက်အလက်တွေရှာဖွေဖို့ လှုံ့ဆောင်မှုပေးစွမ်းနိုင်မည်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ MR.Reizo Umeda ကပြောကြားသည်။
Photo Source By Myanmar Tech Press
MPT သုံးစွဲသူများအနေဖြင့် 7 Day News ဒီဂျစ်တယ်ဝန်ဆောင်မှုကို https://7day.news မှတစ်ဆင့်သို့မဟုတ် Google Play Store မှ 7Day News Mobile Application ကို ဒေါင်းလုပ်ဆွဲခြင်းဖြင့် ရယူနိုင်မည်ဖြစ်သည်။ MPT Sim Card အသုံး ပြု၍ 7Day News ဒီဂျစ်တယ်ဝန်ဆောင်မှုကို နေ့စဉ်စာရင်းသွင်းဝန်ဆောင်မှုရယူလိုပါက 8377 ကို ON ဟု SMS ပေးပို့ရမည် ဖြစ်ပြီး အပတ်စဉ်စာရင်းသွင်းဝန်ဆောင်မှုရယူလိုပါက 8377 ကို WW ဟု SMS ပေးပို့ရမည်ဖြစ်သည်။
“မြန်မာပြည်သူတွေရဲ့ဘဝ တိုးတက်ဖို့ရည်ရွယ်လုပ်ဆောင်နေတဲ့ MPT နဲ့ပူးပေါင်းဆောင်ရွက်ခွင့်ရတာ ကျွန်တော်တို့အနေနဲ့ ဝမ်သာဂုဏ်ယူမိပါတယ်။ ဒီဝန်ဆောင်မှုဟာ ပြည်သူတွေဆီ စစ်မှန်တဲ့ သတင်းတွေသိရှိနိုင်ခွင့်ကို အားပေးမြှင့်တင်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကို ပေးအပ်ခြင်းလည်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကနေတစ်ဆင့် မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့ကသန်းတဲ့ချီတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် သတင်းဖတ်ရှုခြင်းအတွေ့အကြုံ ကောင်းတွေ တိုးတက်စေနိုင်မယ့်စိတ်လှဒပ်ရှားဖွဘ် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်” ဟု 7Day News ထုတ်ဝေသူ Information Matrix Co., Ltd. ၏အလုပ်အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းက ပြောကြားသည်။
Photo Source By Myanmar Tech Press
MPT သုံးစွဲသူများသည် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပြီးပါက https://7day.news/mpt/guide သို့ဝင်ရောက်နိုင်သည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် 7Days News ဒီဂျစ်တယ်စာရင်းသွင်း ဝန်ဆောင်မှုနှင့် ပက်သက်၍ပိုမိုသိရှိလိုပါက Call Center 106 သို့မဟုတ် Hotline နံပါတ် ၀၉-၂၆၃၉၃၇၄၂၃ သို့ဖုန်းခေါ်ဆိုနိုင်သည့်အပြင် https://7day.news/mpt/faq အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။